Wednesday, March 20, 2013

မိတ္ထီလာမြို့ဈေးကြီးမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွါး ရွှေဆိုင်တဆိုင် ပျက်စီးပြီး လူတချို့ ဒဏ်ရာရ


မိတ္ထီလာ ပဋိပက္ခ (ရုပ်/သံ)

 Video by - (FB) စာမျက်နှာသတင်းမှ
မိတ္ထီလာမြို့က ရွှေဆိုင်တဆိုင်မှာ အရောင်းအ၀ယ် ပြဿနာက အစပြုလို့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး ရွှေဆိုင် သုံးဆိုင် ဖျက်စီးခံလိုက်ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဗလီတလုံး မီးတင်ရှို့ခံလိုက်ရပြီး၊ မြို့နယ်ပညာရေးမှူးရုံးလည်း မီးလောင်သွားတယ်လို့ မိတ္ထီလာ အမှတ် ၂ ရဲစခန်းက ဘီဘီစီကို ပြောပါတယ်။

မီးက ဆက်လက် လောင်ကျွမ်းဆဲဖြစ်ပြီး တခြားအိမ်တွေကို ကူးစက် လောင်ကျွမ်းခြင်း မရှိဘူးလို့ သိရပါတယ်။

မိတ္ထီလာမြို့မှာတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

ပြဿနာအရင်းခံကတော့ ဒီမနက်က ရွှေဆိုင်ရှင် မွတ်ဆလင်က ရွှေလာရောင်းတဲ့ လင်မယားနဲ့ အချင်းများပြီး လာရောင်းသူကို ရိုက်နှက်ခဲ့ရာကနေ မကျေနပ်လို့ ရွှေဆိုင်တွေ ဖျက်စီးခံရတဲ့အထိ ဖြစ်သွားတာ ဖြစ်ပါတယ်။
 
Copy from - BBC Burmese

0 comments: