Wednesday, March 20, 2013

ရိပ်မိဖို့ လိုပါပြီ

ရိပ်မိဖို့ လိုပါပြီ

၁။ ရခိုင်အဓိကရုဏ်း အရှိန်လျှော့လာတော့ ကြေးနီ အဓိကရုဏ်းကို လုပ်တယ်။ ကြေးနီ အရှိန်ကျလာတော့ ကချင်ကို ထိုးစစ် ပိုလုပ်တယ်။ ကချင်မှာ အရှိန်ကျလာတော့ ရှမ်းတွေကို သွားဖိတယ်။ ရှမ်းမှာ အရှိန် လျှော့သွားတော့ မအူပင်မှာ လူကို ရိုက်နှက် ပစ်ခတ်တယ်။ ထင်သလို အဓိကရုဏ်း မဖြစ်တော့ ကြေးနီဘက် လှည့်ပြန်တယ်။ အခု ကြေးနီက နည်းနည်း ကျသွားပြီ။ ကြားရတဲ့ သတင်းက ရှမ်းကို သွားရန်စပြန်ပြီ။

၂။ ရိပ်မိဖို့ ကောင်းပါပြီ။ ပြန်ပြောပါ့မယ်။ ရိပ်မိဖို့ လိုပါပြီ။ ဒါကို ပြောလို့ အီမိုရှင်း များတယ်လို့ မစွပ်စွဲ စေချင်ပါတယ်။ အတိုက်အခံ များရော တိုင်းရင်းသားများပါ ရိပ်မိကြပါတော့။ အလိမ် ခံနေကြရတယ်။ အလိမ်မိ နေကြပါတယ်။ အရူးလုပ်ခြင်း ခံနေကြရပါတယ်။ ပြဿနာဖြစ်ခုပြီးတိုင်း နောက်ပြဿနာ တစ်ခု ထပ်ဖြစ်တယ်။ ပြဿနာ(၂)ခု ချက်ချင်း ပြိုင်တူ မဖြစ်ဘူး။ ပြဿနာတိုင်းမှာ သူတို့ လက်စလက်န ပါတယ်။ ရိပ်မိကြပါကုန်လော့။ သူတို့ဟာ သိုးရေခြုံထားတဲ့ ဝံပုလွေတွေပါ။ ရိပ်မိကြပါကုန်။

( Ven Ravika )

0 comments: