
2013-03-27
မတူညီတဲ့ ဘာသာဝင်တွေအကြား သွေးထိုးလှုံ့ဆော်မှုတွေ၊ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့အ နေနဲ့ လုံးဝ လက်မခံကြောင်း ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
မတူညီတဲ့ ဘာသာဝင်တွေအကြား သွေးထိုးလှုံ့ဆော်မှုတွေ၊ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့အ
ဒီရက်ပိုင်းအတွင်း မိတ္ထီလာမြို့ အဓိကရုဏ်း ဖြစ်ပြီးတဲ့နောက်ပိုင်း အခုရက်ပိုင်းအတွင်း ပဲခူးတိုင်းဒေသက မြို့နယ်တစ်ချို့မှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ဒီကနေ့ မွန်းလွဲပိုင်းက သဘောထား ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးဟာ နိုင်ငံတော်မှာ လုံးဝ တာဝန်ရှိကြောင်း၊ လက်ရှိ အကြမ်းဖက်မှု မီးရှို့မှုတွေကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့အတွက် ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်နဲ့ ပဋိပက္ခ ဖြေရှင်းနိုင်စွမ်း ထိရောက်ထက်မြက်ရန် လိုအပ်တယ်လို့လည်း
ပြောထားပါတယ်။နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးဟာ နိုင်ငံတော်မှာ လုံးဝ တာဝန်ရှိကြောင်း၊ လက်ရှိ အကြမ်းဖက်မှု မီးရှို့မှုတွေကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့အတွက် ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်နဲ့ ပဋိပက္ခ ဖြေရှင်းနိုင်စွမ်း ထိရောက်ထက်မြက်ရန် လိုအပ်တယ်လို့လည်း
မြန်မာနိုင်ငံဟာ မတူညီတဲ့လူမျိုး ဘာသာများအကြား ငြိမ်းချမ်းစွာ ကာလရှည်ကြာနေထိုင်ခဲ့တဲ့ နိုင်ငံဖြစ်သလို အခုလိုအချိန်ဟာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းနေတဲ့ ကာလဖြစ်သလို အလွန်နူးညံ့သိမ်မွေ့တာကြောင့် ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
သတင်းရင်းမြစ် - မြန်မာဌာန | သတင်းများ
0 comments:
Post a Comment