
သီလရှင်ဆရာလေး ( ခ ) မညီညီအောင်(ကိုဖုန်းမော် ညီမ)
စက်မှုတက္ကသိုလ်က ဆရာကို ပစ်တော့ မယ်ဆဲဆဲမှာ ကိုဖုန်းမော်က အဲဒီဆရာကို တွန်းပြီး သူအပစ်ခံ လိုက်ရတာ။ ရင်ဝမှာ တစ်ချက်၊ ဆီးစပ်မှာ တစ်ချက်၊ ပေါင်မှာ တစ်ချက် အပစ်ခံ လိုက်ရတာပါ။
တကယ်တော့ အစိုးရ ရေဒီယို ကနေ ကြေညာခဲ့သလို ရန်ပွဲမှာ ဓါးနဲ့ အသတ်ခံ လိုက်ရတာ မဟုတ်ပါဘူး။ နာရေး အသုဘကိုတောင် ကြေညာခွင့်၊ ဆိုင်းပုတ်တင်ခွင့်၊ မဏ္ဍာပ်ထိုးခွင့် မရခဲ့ပါဘူး။ ဒီနေ့အထိ ဆရာလေးရဲ့အကိုက မသေပါဘူး။

ကိုစိုးနိုင် အမ
ကိုစိုးနိုင်က ဘယ်ဘက်ခါးမှာ အပစ်ခံ လိုက်ရတာ။ အဲဒီ ဒဏ်ရာအတွက် ၃ ခါတောင် ခွဲစိတ် ခံလိုက်ရပေမယ့် ခွဲစိတ်ခန်းက ထွက်လာပြီးတာနဲ့ အဖေ့ကို သားမနေရတော့ပါဘူးလို့ ပြောတယ်။ သူ့အခြေအနေကို သူသိတဲ့ အကြောင်းကို ပြောတယ်။ အာဏာပိုင်တွေက သူ့ရဲ့ အသုဘကိုတောင် ဆူပူမှုတွေ မဖြစ်အောင် တာဝန်ယူနိုင်ရင် အသုဘကို ချဖို့ပြောတယ်။ အဲဒါနဲ့ အဖေက တာဝန် မယူနိုင်ဘူးလို့ ပြောလိုက်တယ်။ ကျုပ်သားလဲ သေတာက သေပြီးပြီ။ ခင်ဗျားတို့ဘာသာ သားကို ဖျာလိပ်နဲ့ပတ်၊ ခဲဆွဲပြီး ရေထဲ ပစ်ချလိုက်လဲ ကျုပ် ကျေနပ်တယ်လို့ ပြောလိုက်တယ်။
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
Copoy from - The Irrawaddy
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
Copoy from - The Irrawaddy
0 comments:
Post a Comment