Wednesday, March 27, 2013

ပင်းတယဒေသ ဓနုဆုံဆည်းရာနေ့

 
မတ်လ ၂၇ ရက်၊ ၂၀၁၃

ဓနုတိုင်းရင်းသားတို့၏ ဆုံဆည်းရာနေ့ကို ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွှေဥမင်ဘုရားရင်ပြင်တွင် တနင်္လာနေ့နံနက်က ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဓနုတိုင်းရင်းသားတဦးဖြစ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဦးရှုမောင်၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ ဥက္ကဌ ဦးထူးကိုကိုတို့က အမှာစကား ပြောကြားကြပြီး ဓနုတိုင်းရင်းသား ကိုယ်စားလှယ် ဒေါက်တာ ကျော်လွင်ထူးက ဓနု ယဉ်ကျေးမှု သမိုင်း ရှင်းလင်းပြောဆိုသည်။

ဓနုတိုင်းရင်းသား/သူများက ဓနုဆုံဆည်းရာနေ့သီချင်း သီဆိုကာ၊ ဓနုရိုးရာခြေလက်သိုင်းအက အလှများ၊ တေးသီချင်း သံချပ် များဖြင့် ဖြေဖျော်ကြသည်။ ဆွမ်းတော်ကြီးဝင် ဆက်ကပ်လှူဒါန်းပွဲလည်း ပါဝင်သည်ကို တွေ့ရသည်။

ဓနုဆုံဆည်းရာနေ့ အခမ်းအနားသို့ လူမှုရေး အသင်းအဖွဲ့ စာပေယဉ်ကျေးမှု အသင်းတို့မှ ကိုယ်စားလှယ်များ၊ ဓနုတိုင်းရင်းသားများ ရာထောင်ချီ တက်ရောက် ဆင်နွဲသည်ကို တွေ့မြင်ရသည်။

ပြည်နယ် ၀န်ကြီးချုပ်ဦးစ၀်အောင်မြတ် နှင့် အခြားအလှူရှင်များက ဓနုစာပေ ယဉ်ကျေးမှုအသင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက်အလှူငွေများ ပေးအပ်ကြ သည်။

စွယ်စုံကျမ်း

 

0 comments: