Saturday, March 9, 2013

ပါတီကို ပြန်လည် ဝင်ရောက်ခွင့်ပြုဖို့ စာတင်ထားသူ လေးဦးနဲ့ ပတ်သက်ပြီး ဆန္ဒမဲ ကောက်ခံရာမှာ ကန့်ကွက်သူ များခဲ့တာကြောင့် ပြန်လည် လက်မခံဖို့ ဆုံးဖြတ်...


 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို ပြန်လည် ဝင်ရောက်ခွင့်ပြုဖို့ စာတင်ထားသူ လေးဦးနဲ့ ပတ်သက်ပြီး ဆန္ဒမဲ ကောက်ခံရာမှာ ညီလာခံ တက်ရောက်လာသူ ၃၁၉ ဦးက ထောက်ခံခဲ့ပြီး ၄၆၂ ဦးက ကန့်ကွက် ခဲ့တာကြောင့် ပါတီဝင်အဖြစ် ပြန်လည် လက်မခံဖို့ အတည်ပြုလိုက်ကြောင်း သိရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုလုပ်ခဲ့တာကြောင့် NLD ပါတီမှ နှုတ်ထွက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူတွေကို ပြန်လည် လက်ခံ ရေးနဲ့ ပတ်သက်ပြီး ဆန္ဒမဲ ကောက်ခံရာမှာ ကန့်ကွက်သူ များခဲ့တာကြောင့် ပြန်လည်လက်မခံဖို့ ဆုံးဖြတ်ခဲ့တာပါ။

အမျိုးသား ဒိမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြန်လည်ဝင်ရောက်ဖို့ စာရင်း တင်ထားသူတွေထဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ဒေါက်တာသန်းဝင်း၊ လသာမြို့နယ် မဲဆန္ဒနယ်မှ ဦးကြည်မြင့်တို့လဲ ပါဝင်ပါတယ်။
 
Copy from - RFA Burmese

0 comments: