Friday, March 29, 2013

ဒါကို ကျနော်လေးစားတာ.....

 
စု ဟာ သိပ်ကို ကူညီဖေးမ မှု့တွေ လိုအပ်နေပါတယ်။ ဥပမာဗျာ၊ သူ အကျယ်ချုပ် ကျခံရတုန်းက အာဏာပိုင်တွေ ဆီက အထောက်အပံ့ကို လုံးဝ မယူခဲ့ဘူး၊ အသက်ရှင် ရပ်တည်ဖို့ ပရိဘောဂတွေ အများကြီး ရောင်းစားလိုက်ရတယ်။ စားစရာဘာမှ မရှိလောက်တဲ့ အခြေအနေမျိုးကို ကြုံခဲ့ရတယ်။ အဲ့တုန်းကသူဟာ သိပ်အားနည်းနေတယ်။ လမ်းတောင် ကောင်းကောင်း မလျောက်နိုင်ဘူး။ အိပ်ရာကတောင် မထနိုင်ဘူး။ သူ့ဆံပင်ကိုတောင် မဖြီးမသင် နိုင်အောင်ပါပဲ။ ဒီအကြောင်းတွေကို စုက ပြန်ပြောချင်ပုံ မရဘူး။ ဒါဟာ သူ့ပုံစံပါပဲ။ ဒါကို ကျနော်လေးစားတာ။ အခတ်အခဲ အကြပ်အတည်းကို
စု ရင်ဆိုင်ဖြေရှင်းပုံကို ကျနော်တို့ အားလုံး လေးစားကြရတယ်။

ဦးကြည်မောင်
{အဲလန်ကလီမင့် နှင့် ဦးကြည်မောင် ၏ အင်တာဗျူးမှ....}

0 comments: