Monday, March 11, 2013

တိုကျိုမြန်မာသံရုံးရှေ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ လှုပ်ရှားမှု လာရောက်ပူးပေါင်း ဆင်နွှဲနိုင်ပါကြောင်း နှိုးဆော်ဖိတ်ခေါ်လိုက်ပါသည်။

(၁၃)ရက်နေ့မှာ ကျရောက်မယ့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့မှာ အာဏာရှင် အစိုးရ တွေကြောင့်သော်၎င်း၊ တချို့သောဒီမိုကရေစီ အင်အားစုတွေကြောင့် သော်၎င်း လူ့အခွင့်အရေး ချိုးဖေါက်ခြင်း ခံခဲ့ကြရပြီး အသက် ဆုံးရှုံးသွားခဲ့ကြသော ရဟန်းရှင်လူ၊ တိုင်းရင်းသားပြည်သူ၊ကျောင်းသားများအား အလေးပြု အခမ်းအနားနှင့် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖေါက်မှုများကို ပြတ်ပြတ်သားသား ရပ်တံ့ပေးရန် ဦးသိန်းစိန်အစိုးရအား တောင်းဆိုပွဲကျိုပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်ပါမည်။
 
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကိုမောင်နှမများအားလုံး မည်သူမဆို လာရောက် ပူးပေါင်း ဆင်နွှဲနိုင်ပါကြောင်း နှိုးဆော်ဖိတ်ခေါ်လိုက်ပါသည်။
 
ဗကသ(နိုင်ငံခြားရေးရာကော်မတီ)
 
နေ့ရက်။ ။၁၃-၃-၂ဝ၁၃(ဗုဒ္ဓဟူးနေ့)
အချိန် ။။ညနေ ၃းဝဝ နာရီ မှ ၄းဝဝ နာရီထိ
နေရာ ။။မြန်မာသံရုံး၊ ရှိနာဂါဝ၊ တိုကျို-ဂျပန်။

0 comments: