တိဘက် ဒေသမှ တရုတ်က သွားရောက် လုပ်ကိုင်နေတဲ့ မိုင်းတွင်းမှာ မြေပြိုမှုကြောင့် မိုင်းတွင်း လုပ်သားတွေ ပိတ်မိကာ ၈၃ ဦးသေဆုံးခဲ့ ပါတယ်။ တရုတ်အစိုးရပိုင် China National Gold Group Corp ကနေ လုပ်ကိုင်နေတဲ့ ရွှေမိုင်း ပြိုကျတာ ဖြစ်ပါတယ်။ တရုတ် နိုင်ငံရဲ့  အကြီးမားဆုံး ရွှေရှာဖွေရေး ကုမ္ပဏီက တိဗက်ရဲ့  မြို့ တော် လာဆာ အနီးမှာ ရွှေမိုင်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
မိုင်းတွင် ပြိုကျရာမှ ပိတ်မိနေသူ လေးဦးကိုသာ ကယ်ဆယ် နိုင်ခဲ့ပါတယ်။ မတ်လ အတွင်းမှာ တရုတ်နိုင်ငံမှာ မိုင်းတွင်း ပြိုကျမှု သုံးခု ရှိပါတယ်။ တရုတ်နိုင်ငံရဲ့  မိုင်းတူးဖော်ရေး စနစ်ဟာ ကမ္ဘာမှ
အဆိုးရွာဆုံးပဲလို့  ဆိုပါတယ်။
တရုတ် မိုင်းတွင်းမှာ တိဘက် လူမျိုးနှစ်ဦးသာ အလုပ်လုပ်ကိုင်နေပြီး တိဘက် ဘုန်းတော်ကြီးတွေက အဲဒီ မိုင်းတွင်းကို ရပ်ဖို့  ဆန္ဒပြခဲ့ဖူးပါတယ်။

Copy from - Freedom News Group(Burma)
0 comments:
Post a Comment