Wednesday, March 27, 2013

ကာကွယ်ရေး ဦးစီချုပ် ဗိုလ်ချုပ်မှုးကြီး ရာထူးနဲ့  စတင်တာဝန်ထမ်းဆောင်

22552-Min Aung Hlaing

ဗိုလ်ချုပ်ကြီး အဖြစ်ကနေ နှစ်နှစ်လောက် အတွင်းမှာပဲ ဗိုလ်ချုပ်မှုးကြီး အဖြစ်နဲ့ ရာထူး တာဝန်တွေကို ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သူ ဒု- ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စတင် ထမ်းဆောင်တော့မယ်လို့  စစ်ရုံးချုပ်နဲ့  နီးစပ်သူတွေက တစ်ဆင့် FNG က သတင်း ရရှိ ပါတယ်။

သူဟာ ၁၉၅၆ ခုနှစ်မှာ တနင်္သာရီတိုင်း ထားဝယ်မြို့ မှာ မွေးဖွား ခဲ့သူပါတယ်။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နောက်မှာ မြန်မာနိုင်ငံရဲ့  ဒုတိယမြောက် ဗိုလ်ချုပ်မှုးကြီး ဖြစ်လာပြီး သူ့ ကို ယခုလို ရာထူး တိုးပေးတာဟာ ဗိုလ်ချုပ်ကြီး အဆင့်လောက်သာ တာဝန်ယူခဲ့ဖူးတဲ့ မြန်မာ အစိုးရအဖွဲ့ ထဲက စစ်ဗိုလ်ချုပ် ဟောင်းတွေကို သြဇာ လွှမ်းမိုးမှု ရှိအောင် စစ်ရေး အမြင်နဲ့  ဆောင်ရွက်တာပါလို့ စစ်ရုံးချုပ်က အရာရှိ တစ်ဦးက FNG ကို ပြောပါတယ်။

မိတ္ထီလာ မငြိမ်သက်မှုတွေကို စစ်တပ် အနေဲ့  ကျကျနန ကိုင်တွယ် ပြီးတဲ့နောက်မှာ သူဟာ ရာထူး တိုးမြှင့် ခံရတာ ဖြစ်ပါတယ်။

သူ့ကို ရာထူး တိုးမြှင့်ပေးဖို့  ယခင် စစ်ခေါင်းဆောင် ဟောင်းတွေ ဖြစ်တဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၊ ဒု – ဗိုလ်ချုပ်မှုး ကြီး မောင်အေး တို့က အတည်ပြု ခဲ့ပုံရတယ်လို့လဲ စစ်တပ်က လာတဲ့ သတင်း တွေမှာ ဆို ပါတယ်။

Copy from - freedomnewsgroup

0 comments: