
မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ ၀န်းကျင်တွင် လက်ပံတောင်းတောင် အနီးရှိ ကျေးရွာများမှ ရွာသူရွာသား ၃၅ ဦးသည် လက်ရှိ သပိတ်စခန်းနှင့် ၇ မိုင်ခန့် ဝေးကွာသော ဆားလင်းကြီးမြို့ နယ် တရားရုံးသို့ ရောက်လာကာ ဖောင်းကတာအုပ်စု ဆည်တည်းကျေးရွာနေ မ၀င်းဝင်းဌေးနှင့် မရီဝင်း၊ မိုးကြိုးပြင် အလယ်ရွာနေ ကိုဇော်နိုင်တို့  ၃ ဦးက တရားလို ပြုလုပ်ကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား လက်ပံတောင်းတောင်အရေး ဖြိုခွဲမှုတွင် တာဝန်အရှိဆုံးအဖြစ် အကြောင်းပြချက် ၃ ချက်နှင့်တကွ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းတရားစွဲဆိုမှုကို ဆားလင်းကြီး တရားရုံးက မတ်လ ၄ ရက်နေ့တွင် လက်ခံခဲ့ကာ မတ်လ ၁၁ ရက်နေ့တွင် ပလပ်လိုက်ကြောင်း ပြန်လည် အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။ မတ်လ ၁၁ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် တရားရုံးသို့ လက်ပံတောင်း ဒေသခံ ၄၀ ကျော် လာရောက်ခဲ့ပြီး ဒေသခံများမှ ခရိုင် တရားရုံးသို့ ဆက်လက် တင်ပြသွားမည်ဟု ပြောကြားခဲ့သည်။
Copy from - news-eleven.com
0 comments:
Post a Comment