Thursday, March 21, 2013

ယနေ့ နေ့လည် မိထ္တီလာ အခြေအနေ ကိုမင်းကိုနိုင်၏ ပြောကြားချက်....

"ကျနော်တို့နဲ့အတူ အရှင်ဝီရသူလည်း ရောက်နေတယ်။ ရွှေည၀ါဆရာတော် လည်း ရောက်တယ်။ ကျနော်တို့တွေ အကြမ်းဖက်မှု ဖြစ်နေတဲ့ နေရာထဲ အထိ ရောက်ပါတယ်။ အခြေအနေကို အတက်နိုင်ဆုံး ထိန်းသိမ်းကြဖို မေတ္တာ ရပ်ခံတယ်။ အများကြီး ကြီးစားခဲ့တယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥက္ကဋ္ဌ နဲ့လည်း တွေ့ခဲ့ပါတယ်။

အခြေအနေတွေကို အမြန်ဆုံးထိန်း သိမ်းဖို့၊ ကူးစက်ပြန့်ပွားမှု မဖြစ်အောင် ပြီးတော့ တရားဥပဒေ စိုးမိုးရေးအတွက် အထပ်ထပ် ဆွေးနွေးပါတယ်။ သူတို့ကလည်း သဘောတူကြပါတယ်။ အားလုံးက စွမ်းသမျှတော့ လုပ်ကြပါတယ်။ အသက်တွေ ကယ်တင် နိုင်ခဲ့တာလည်း ရှိခဲ့ပါတယ်။ အကြမ်းဖက် ဖြစ်တဲ့အထဲမှာ အဖိတ်အစဉ် တွေလည်း ရှိခဲ့ပါတယ်။

နောက်ထပ် မဖြစ်အောင်၊ နောက်ထပ် မပြန့်ပွားအောင် အားလုံး အတက်နိုင်ဆုံး ၀ိုင်းဝန်း ထိန်းသိမ်းကြပါ။ ကျွန်တော်တို့ အသက်တွေနဲ့ ရင်းခဲ့ရတဲ့ လမ်းကြောင်း ပျောက်သွားလို့ မဖြစ်ပါဘူး။ အခု သွားနေတဲ့ လမ်းကြောင်း မပျက်သွားအောင် အားလုံး ၀ိုင်းထိန်း ကြရမှာပေါ့။

နောက်တစ်ခါ ညက မီးလောင်ထားတဲ့အတွက် အိမ်ခြေရာ မဲ့သွားတဲ့ ဒုက္ခသည်တွေ၊ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ ၅၇၀ ရှိပါတယ်။ ဘုန်းကြီးကျောင်းတွေမှာ ကျနော်တော်တို့ လိုက်အားပေးတယ်။ သူတို့ ထမင်း စားနိုင်အောင် အလှူခံပေးခဲ့ တယ်။ ဆေးရုံကို ရောက်ခဲ့တယ်။ ဆေးရုံကို ဒဏ်ရာရလို့ရောက်လာတဲ့ သူတွေကို အားပေးတယ်။ ဆေးရုံကလည်း ကျွန်တော်တို့နဲ့ အားလုံး ပူးပေါင်း ဆောင်ရွက်မှု
ရှိပါတယ်။ သေနတ်နဲ့ ပစ်ခတ်လို့ ခြေထောက်မှာ ကျည်ဆံ မှန်တဲ့လူတွေ လည်းရှိပါတယ်။

အခြေအနေတွေကို ထိန်းလိုက်နိုင်တဲ့ အနေအထား ရောက်လာတဲ့အတွက် အခု ကျွန်တော်တို့ ရန်ကုန်ကို ပြန်မယ်။ တပြည်လုံးမှာ မပြန့်ပွားအောင် ဆက်ပြီးတော့ ထိန်းကြရမယ်။ ရန်ကုန်ရောက်ရင် သက်ဆိုင်ရာ သံရုံးတွေကိုရော၊ အသိပေးရမယ့် လှုပ်ရှား တက်ကြွတဲ့သူတွေရော၊ သြဇာတိက္ကမ ရှိတဲ့သူတွေရော မေတ္တာ ရပ်ခံမယ်။ ဒီကိစ္စကို အဆက်မပြတ် နိုးနိုးကြွားကြွားနဲ့ ထိန်းသိမ်းရမှာပေါ့။ ကျွန်တော်တွေ့ခဲ့တာ ဒဏ်ရာ ရတဲ့သူတွေ ဆေးရုံမှာရောက်နေတာ ၁၀ ဦး မပြည့်ခဲ့ပါဘူး။

အသက်ဒဏ်ရာ စိုးရိမ်ရတာ တစ်ယောက်မှ မတွေ့ခဲ့ဘူး။ ကျွန်တော် မသိတဲ့ အပိုင်းတွေမှာတော့ မပြောတတ်ဘူးပေါ့။ ခြေထောက်နဲ့ ပေါင်တွေမှာ ဒဏ်ရာရကြတယ်။ လူတွေလည်း ရွှင်ရွှင်လန်းလန်း ရှိကြတယ်။ ဆေးရုံက တော်တော် ဂရုစိုက်ကြပါတယ်။ သေဆုံးတာတွေတော့ အတိအကျ ကျွန်တော် မကြားဘူး။ ဒီသတင်းတွေကို ပုံဖော်တဲ့နေ ရာမှာလည်း ကျွန်တော် မေတ္တာရပ်ခံချင်တယ်။ ပဋိပက္ခ ထပ်မဖြစ်အောင် ပုံဖော်ကြဖို့ပါ" ဟု ဧရာဝတီသို့ ပြောသည်။

Ref; Irrawaddy

0 comments: