Saturday, March 9, 2013

မန်တုံမြို့နယ်ရှိ ဘိန်းခင်းများကို တအာင်းတပ်ဖွဲ့ စတင်ဖျက်ဆီး


၉ ရက် ဖေဖော်ဝါရီလ ၂၀၁၃ ခုနှစ်

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် T.N.L.A စစ်ဦးစီးအဖွဲ့မှ ဦးဆောင်ပြီး T.N.L.A တပ်ရင်း (၂၅၆)၊ (၃၆၇)၊ (၄၇၈) နှင့် (၅၂၇) တပ်ရင်းအသီးသီးတို့မှ တပ်ခွဲများဖြင့် စုစည်းထားသည့် အင်အား ၂၀၀ နီးပါးစစ်ကြောင်းသည် မန်တုံမြို့နယ်ရှိ လွယ်ခမ်း၊ ဟိုတုံ၊ အူးဆက်ကုန်ယောင်း၊ ကျယ်ကောင်၊ ပန်ကူ၊ ကလာန်လုမ်၊ နားအော်ကြီး၊ နားအော်လေး၊ ဂျုံဇ၊ ပန်ယောင်၊ လောင်လူ အစရှိသည့်ဒေသများတွင်ရှိသော ဘိန်းခင်းများကို ၇ ရက်နေ့ ဖေဖော်ဝါရီလမှ စတင် ဖျက်ဆီးနေပါသည်။

၇ ရက်နေ့တွင် လွယ်ခမ်းရွာဒေသနှင့် ၈ ရက်နေ့တွင် ဟိုတုံရွာဒေသရှိ ဘိန်းခြံများကို ဖျက်ဆီး ခဲ့သည်။ ယနေ့ ၉ ရက်နေ့တွင် အူးဆက်ကုန်ယောင်း ဒေသရှိ မန်တုံမြို့ပေါ်မှ တရုတ်လူမျိုးပိုင် ဘိန်းခြံများကို ဆက်လက် ဖျက်ဆီး နေလျှက်ရှိပါသည်။


TNLA မှ ဖေဖော်ဝါရီလနှင့် ယခုမတ်လတွင် စုစုပေါင်း ဘိန်းခြံ ဧက ၁၀၀၀ကျော် ဖျက်ဆီး တိုက်ဖျက်ပြီး ဖြစ်ပါတယ်

 ဘိန်းခြံ ဧက ၁၀၀၀ ကျော် ဖျက်ဆီးခဲ့ပြီဖြစ်ပြီး မြန်မာစစ်ကြောင်းများ လာရောက် နှောင့်ယှက်ခြင်း မရှိပါက ဆက်လက် တိုက်ဖျက်သွားမည်ဖြစ်သည်။

̏ ဒီမန်တုံဒေသမှာ ဘိန်းခြံခန့်မှန်းခြေဧက ၂ဝဝ ကျော်ရှိပါတယ်၊ ကျနော်တို့ အဲဒီဘိန်းခြံအားလုံးကို တိုက်ဖျက်သွားမှာပါ။ ပြီးခဲ့တဲ့ ငါးလလောက်ကတည်းက ဘိန်းခြံမလုပ်ရဘူး၊ လုပ်ရင်ဖျက်မယ်လို့ ကျနော်တို့ ကြိုတင်မှာကြား ထားပြီးဖြစ်တယ်။

ဒါကြောင့် ကျနော်တို့ တအာင်းစစ်ကြောင်းက ပြောတဲ့အတိုင်း ဒီဘိန်းခြံတွေ လာဖျက်တာပါ။ မြန်မာ စစ်တပ်ဘက်က လာနှောင့်ယှက်တာ မရှိရင်တော့ ကျနော်တို့ မျှော်မှန်းတဲ့အတိုင်း လုပ်နိုင်မှာပါ။ အနဲဆုံး တပတ်လောက်တော့ ဖျက်ရမယ်ထင်တယ်˝ ဟု တအာင်းတပ်မှူး တဦးကပြောပါသည်။

 
သတင်းနှင့်ပြန်ကြားရေးဌာန
တံပ်အွရ်ပ်ုန်လောတ်ကပီုန်တအာင်း - PSLF

0 comments: