
တောင်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားသည့် အနေအထားသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း
မြောက်ကိုရီးယား နိုင်ငံက ယနေ့ (မတ်လ ၃၀) ကြေညာ လိုက်သည်။ ကိုရီးယား ကျွန်းဆွယ်တွင်
မကြာသေးမီကစ၍ စစ်ရေးတင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ်ကျင်းပသည့်
တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုအတွင်း အမေရိကန်၏ B-52,
B-2 ဗုံးကြဲ လေယာဉ်များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ပျံသန်းပြခဲ့ပြီးနောက်
မြောက်ကိုရီးယားကလည်း ၎င်းတို့၏ တာဝေးပစ် ဒုံးကျည်များကို ပစ်ခတ်ရန် အသင့်အနေအထားအဖြစ်
ပြင်ဆင်ထားခဲ့သည်။
တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်က ဖြစ်ပွားခဲ့သည့်
စစ်ပွဲအား အပစ်အခတ် ရပ်စဲသည့် သဘောတူညီချက်ဖြင့်သာ ရပ်ဆိုင်း ထားခဲ့ခြင်းဖြစ်ပြီး
နှစ်နိုင်ငံ ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးချေ။
ငြိမ်းချမ်းရေးစာချုပ်နှင့် စစ်ပွဲဖြစ်နိုင်ခြေအကြား ကာလရှည်ကြာ လိပ်ခဲတည်းလည်း
ဖြစ်ခဲ့သော ကိုရီးယားကျွန်းဆွယ်၏ အခြေအနေမှာ နောက်ဆုံးတွင်
အပြီးသတ်သွားပြီ ဖြစ်ကြောင်း၊ ရန်စမှု တစ်စုံတစ်ရာမှာ အလုံးစုံ ပဋိပက္ခနှင့်
နျူကလီးယား စစ်ပွဲဆီသို့ ဦးတည် သွားစေနိုင်ကြောင်း မြောက်ကိုရီးယား၏
ထုတ်ပြန်ချက်တွင် ပါရှိကြောင်း Channel NewsAsia က ဖော်ပြသည်။
Copy from - planet.com
0 comments:
Post a Comment