Tuesday, March 5, 2013

အပစ်အခတ်ရပ်ဆဲပြီ ပြောပေမယ့် ?????

 
ဟိုတနေ့ကပဲ ကချင်စစ်ပွဲမှာ တော်တော် ကျ ကြတဲ့အကြောင်း ရေးသေးတယ်...

တိုက်တိုက် ဆိုင်ဆိုင်ပဲ ညအမေတို့နဲ့ စကားပြောတော့ အသိမိတ်ဆွေရဲ့ သားဖြစ်တဲ့ လူ နာရေး ပါလာတယ်....

ကျွန်တော်တော့ မမှတ်မိဘူး သူ ဗိုလ်လောင်းဘ၀က အပြင်ထွက်ရတဲ့နေ့ဆို အိမ်မှာ လာလာနေတဲ့ အကြောင်းပြောပြပြီး...

စိတ်မကောင်းဖြစ်နေကြတယ် .... အထက်က လူကြီးတွေကတော့

အပစ်အခတ်ရပ်ဆဲပြီ ပြောပေမယ့် အာက်မှာတော့ ပြီးခဲ့တဲ့ လ ကုန်ခါနီးလောက်ထိ တပ်ရင်းမှူး အဆင့်လောက်က ကျ နေတုန်းဆိုတော့ အခြေအနေက  ထင်သလောက် မတိုးတက်လာသေးဘူး ထင်တယ် .....

သတင်းမေးကြည့်တော့ KIA နယ်မြေထဲ ကျွံ သွားတယ်လို့ ပြောတော့ ...

အလောင်း ရ မရတောင် အားနာလို့ မမေးလိုက်ဘူး @_@


Nyi Thit(FB)စာမျက်နှာမှ

0 comments: