Sunday, March 17, 2013

ပါ့စ်ပို့ လျှောက်ရာမှာ ပညာရေး ကင်းရှင်းကြောင်း လုပ်စရာ မလိုတော့

 


အခုတလော အစိုးရက နိုင်ငံကူးလက်မှတ်ေ လျှာက်ထားမှုတွေ၊ ပြည်ပထွက်ခွာခွင့် ကိစ္စတွေနဲ့ ပတ်သက်ပြီး ခေတ်နဲ့ လျော်ညီတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို တခုပြီးတခု လုပ်ဆောင် ပေးလာတာ တွေ့ရပါတယ်။

အခု နောက်ဆုံး လုပ်ဆောင်ပေးချက် တခုကတော့ အရင်က နိုင်ငံကူးလက်မှတ် လျှောက်ထားသူတိုင်း ပညာရေး ကင်းရှင်းကြောင်း ထောက်ခံချက် ပူးတွဲ တင်ပြတဲ့ ကိစ္စကို ယခု မတ်လ ၁၈ ရက်နေ့က စပြီး လုပ်စရာ မလိုတော့ဘူးလို့ ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေ မှာ ဖော်ပြလာပါပြီ။



အဲဒီအတွက် ရိုးရိုး ဘွဲ့ရသူတွေ၊ မဟာဘွဲ့ရသူတွေ၊ ပါရဂူဘွဲ့ရသူတွေ အနေနဲ့ နိုင်ငံခြား ထွက်ခွာဖို့ ပါ့စ်ပို့  လျှောက်ထားတိုင်း အဆိုပါ သက်ဆိုင်ရာ ပညာ အဆင့်အလိုက် လျော်ကြေးငွေ အပေါင် ပေးသွင်းပြီး ပညာရေး ကင်းရှင်းကြောင်း ထောက်ခံစာ ရယူတင်ပြ ကြရတဲ့အတွက် အလွန်ဝန်ပိုတဲ့ ကိစ္စတခု ဖြစ်ခဲ့ ပါတယ်။ 
 
Copy from - irrawaddy.org

0 comments: