
Monday, March 4, 2013
အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်တွင် မွေးရာပါ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင် နှစ်နှစ်အရွယ် ကလေးငယ် တစ်ဦးကို ပထမဆုံးအကြိမ် အောင်မြင်စွာ ကုသနိုင်ခဲ့ကြောင်း သုတေသန ပညာရှင်များက မတ်လ ၃ ရက်နေ့တွင် ကြေညာခဲ့သည်။
အိတ်ခ်ျအိုင်ဗွီကို ယခုကဲ့သို့ ကုသနိုင်ခဲ့မှုက မွေးရာပါ အိတ်ခ်ျအိုင်ဗွီ ကလေးငယ်များကို ကုသရာတွင် တိုးတက်မှု ရှိလာနိုင်မည် ဖြစ်သည်။
သုတေသန ပညာရှင်များက စောစီးစွာ ကုသနိုင်မှုနှင့် (ယခု ကုသမှုတွင် မွေးဖွားပြီး နာရီ ၃၀ အတွင်း) အေအာဗီ (antiretroviral therapy) ဆေးသုံးမျိုးသည် ကုသမှု ရလဒ်အတွက် အဓိက ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အရေးကြီးသော နည်းပညာ ကွဲလွဲချက်တစ်ခုမှာ ယခု ကုသ ပျောက်ကင်းမှုသည် အလုံးစုံ ကုသပျောက်ကင်းမှု မဟုတ်ဘဲ "functional cure" ဆေးပညာဆိုင်ရာ ကုသ ပျောက်ကင်းမှု ဖြစ်ကြောင်း သုတေသန ပညာရှင်များက အခိုင်အမာ ပြောကြားခဲ့သည်။
"functional cure" ဆိုသည်မှာ အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ် အနည်းငယ်သာ ရှိနေပြီး ရေရှည်ကုသမှု မလိုအပ်တော့ဘဲ ပုံမှန် ဓာတ်ခွဲ စမ်းသပ်မှုများက သွေးအတွင်းတွင် ဗိုင်းရပ်စ် ရှိနေမှုကို မသိရှိနိုင်ပေ။ ယခု တွေ့ရှိမှုများကို အတ္တလန္တာတွင် ပြုလုပ်သည့် Conference on Retroviruses and Opportunistic Infections ကွန်ဖရင့်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
အိတ်ခ်ျအိုင်ဗွီကို အပြည့်အ၀ ပျောက်ကင်း ကုသခဲ့သူမှာ Berlin patient ဟု သိကြသည့် အမေရိကန်နိုင်ငံသား တင်မိုသီဘရောင်း ဖြစ်သည်။ သဘာဝအတိုင်း အိပ်ခ်ျအိုင်ဗွီ ခံနိုင်ရည်ရှိသော သွေးလှူရှင် တစ်ဦးထံမှ ရိုးတွင်းခြင်ဆီ အစားထိုးမှုကို ခံယူပြီးနောက် ၅ နှစ်အကြာတွင် ဘရောင်းသည် အိတ်ခ်ျအိုင်ဗွီနှင့် သွေးကင်ဆာရှိ ပျောက်ကင်းသွားခဲ့သူဟု သတ်မှတ်ခံရသူ ဖြစ်သည်။
အမည် မဖော်ပြထားသော မိန်းကလေးငယ်သည် အိတ်ခ်ျအိုင်ဗွီရှိသူ မိခင်မှ မွေးဖွားခဲ့ခြင်း ဖြစ်ပြီး မိခင်သည် သူမကို မမွေးဖွားမီအထိ အိတ်ခ်ျအိုင်ဗွီအတွက် ကုသမှု မခံယူခဲ့ပေ။
"ကလေးကို ရောဂါ ကူးစက်မှုကနေ ကာကွယ်လိုတာကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ မိခင်ကို ကုသဖို့ ကျွန်တော်တို့ အခွင့်အရေး မရှိခဲ့ပါဘူး" ဟု မစ္စစ္စပီ တက္ကသိုလ် ဆေးပညာဌာနမှ အိတ်ခ်ျအိုင်ဗွီ ကုသမှု ကျွမ်းကျင်သူ ဆရာဝန် ဟန်နာဂေးက ပြောကြားခဲ့သည်။
မွေးကင်းစ ကလေးငယ်များအတွက် အန္တရာယ်ကြီးမားသည့် အခြေအနေကြောင့် ခြောက်ပတ်အတွင်း အိတ်ခ်ျအိုင်ဗွီ သွေးအဖြေ မရခင်အထိ ဆေးအနည်းငယ်သာ ပေးခဲ့ရသည်။
စမ်းသပ်မှုများအရ ကလေးငယ်တွင် ပိုးကောင်ရေ တဖြည်းဖြည်းခြင်း ကျဆင်းခဲ့ပြီး မွေးဖွားပြီးနောက် ၂၉ ရက်အကြာတွင် အိတ်ခ်ျအိုင်ဗွီကို စစ်ဆေး မတွေ့ရှိနိုင်တော့ကြောင်း စမ်းသပ်မှုများက ဖော်ပြခဲ့သည်။
ထို့နောက် ကလေးငယ်ကို ၁၈ လထိ ကုသမှုပေးခဲ့ပြီး ထိုနောက်ပိုင်းတွင် ၁၀ လခန့် အဆက်သွယ် ပြတ်သွားခဲ့ပြီး ထိုကာလအတွင်း ကလေးငယ်သည် အေအာဗီဆေး သောက်သုံးခဲ့ခြင်း မရှိပေ။ ထိုနောက်ပိုင်းတွင် သုတေသန ပညာရှင်များက သွေးအကြိမ်ကြိမ် စမ်းသပ်ခဲ့သော်လည်း အိတ်ခ်ျအိုင်ဗွီရှိကြောင်း မတွေ့ရတော့ပေ။
ယခုကဲ့သို့ ကုသနိုင်ခဲ့မှုက မွေးကင်းစ ကလေးများတွင် အေအာဗီကုထုံး ချက်ခြင်း ပေးနိုင်ပါက အိတ်ခ်ျအိုင်ဗွီ ကုသပျောက်ကင်းနိုင်ကြောင်း အလားအလာ တွေ့ရှိခဲ့သဖြင့် မျှော်လင့်ချက်များ မြင့်မားလာပြီဟု သုတေသနပညာရှင်များက ပြောကြားခဲ့သည်။
Ref:AP
Copy from - Eleven Media Group
အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်တွင် မွေးရာပါ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင် နှစ်နှစ်အရွယ် ကလေးငယ် တစ်ဦးကို ပထမဆုံးအကြိမ် အောင်မြင်စွာ ကုသနိုင်ခဲ့ကြောင်း သုတေသန ပညာရှင်များက မတ်လ ၃ ရက်နေ့တွင် ကြေညာခဲ့သည်။
အိတ်ခ်ျအိုင်ဗွီကို ယခုကဲ့သို့ ကုသနိုင်ခဲ့မှုက မွေးရာပါ အိတ်ခ်ျအိုင်ဗွီ ကလေးငယ်များကို ကုသရာတွင် တိုးတက်မှု ရှိလာနိုင်မည် ဖြစ်သည်။
သုတေသန ပညာရှင်များက စောစီးစွာ ကုသနိုင်မှုနှင့် (ယခု ကုသမှုတွင် မွေးဖွားပြီး နာရီ ၃၀ အတွင်း) အေအာဗီ (antiretroviral therapy) ဆေးသုံးမျိုးသည် ကုသမှု ရလဒ်အတွက် အဓိက ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အရေးကြီးသော နည်းပညာ ကွဲလွဲချက်တစ်ခုမှာ ယခု ကုသ ပျောက်ကင်းမှုသည် အလုံးစုံ ကုသပျောက်ကင်းမှု မဟုတ်ဘဲ "functional cure" ဆေးပညာဆိုင်ရာ ကုသ ပျောက်ကင်းမှု ဖြစ်ကြောင်း
"functional cure" ဆိုသည်မှာ အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်
အိတ်ခ်ျအိုင်ဗွီကို အပြည့်အ၀ ပျောက်ကင်း ကုသခဲ့သူမှာ Berlin patient ဟု သိကြသည့် အမေရိကန်နိုင်ငံသား တင်မိုသီဘရောင်း ဖြစ်သည်။ သဘာဝအတိုင်း အိပ်ခ်ျအိုင်ဗွီ ခံနိုင်ရည်ရှိသော သွေးလှူရှင် တစ်ဦးထံမှ ရိုးတွင်းခြင်ဆီ အစားထိုးမှုကို ခံယူပြီးနောက် ၅ နှစ်အကြာတွင် ဘရောင်းသည် အိတ်ခ်ျအိုင်ဗွီနှင့် သွေးကင်ဆာရှိ ပျောက်ကင်းသွားခဲ့သူဟု သတ်မှတ်ခံရသူ ဖြစ်သည်။
အမည် မဖော်ပြထားသော မိန်းကလေးငယ်သည် အိတ်ခ်ျအိုင်ဗွီရှိသူ မိခင်မှ မွေးဖွားခဲ့ခြင်း ဖြစ်ပြီး မိခင်သည် သူမကို မမွေးဖွားမီအထိ အိတ်ခ်ျအိုင်ဗွီအတွက် ကုသမှု မခံယူခဲ့ပေ။
"ကလေးကို ရောဂါ ကူးစက်မှုကနေ ကာကွယ်လိုတာကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ မိခင်ကို ကုသဖို့ ကျွန်တော်တို့ အခွင့်အရေး မရှိခဲ့ပါဘူး" ဟု မစ္စစ္စပီ တက္ကသိုလ် ဆေးပညာဌာနမှ အိတ်ခ်ျအိုင်ဗွီ ကုသမှု ကျွမ်းကျင်သူ ဆရာဝန် ဟန်နာဂေးက ပြောကြားခဲ့သည်။
မွေးကင်းစ ကလေးငယ်များအတွက် အန္တရာယ်ကြီးမားသည့် အခြေအနေကြောင့် ခြောက်ပတ်အတွင်း အိတ်ခ်ျအိုင်ဗွီ သွေးအဖြေ မရခင်အထိ ဆေးအနည်းငယ်သာ ပေးခဲ့ရသည်။
စမ်းသပ်မှုများအရ ကလေးငယ်တွင် ပိုးကောင်ရေ တဖြည်းဖြည်းခြင်း ကျဆင်းခဲ့ပြီး မွေးဖွားပြီးနောက် ၂၉ ရက်အကြာတွင် အိတ်ခ်ျအိုင်ဗွီကို စစ်ဆေး မတွေ့ရှိနိုင်တော့ကြေ
ထို့နောက် ကလေးငယ်ကို ၁၈ လထိ ကုသမှုပေးခဲ့ပြီး ထိုနောက်ပိုင်းတွင် ၁၀ လခန့် အဆက်သွယ် ပြတ်သွားခဲ့ပြီး ထိုကာလအတွင်း ကလေးငယ်သည် အေအာဗီဆေး သောက်သုံးခဲ့ခြင်း မရှိပေ။ ထိုနောက်ပိုင်းတွင် သုတေသန ပညာရှင်များက သွေးအကြိမ်ကြိမ် စမ်းသပ်ခဲ့သော်လည်း အိတ်ခ်ျအိုင်ဗွီရှိကြောင်း မတွေ့ရတော့ပေ။
ယခုကဲ့သို့ ကုသနိုင်ခဲ့မှုက မွေးကင်းစ ကလေးများတွင် အေအာဗီကုထုံး ချက်ခြင်း ပေးနိုင်ပါက အိတ်ခ်ျအိုင်ဗွီ ကုသပျောက်ကင်းနိုင်ကြောင်း အလားအလာ တွေ့ရှိခဲ့သဖြင့် မျှော်လင့်ချက်များ မြင့်မားလာပြီဟု သုတေသနပညာရှင်များက ပြောကြားခဲ့သည်။
Ref:AP
Copy from - Eleven Media Group
0 comments:
Post a Comment