Friday, March 15, 2013

“အမေ”

“အမေ”
 
မြန်မာနိုင်ငံ သမိုင်းတွင် ပြည်သူလူထုက လေးစား ချစ်ကြည်ညိုပြီး “အမေ”ဟု အမည်တပ် အခေါ်ခံရသူ နှစ်ဦး ရှိလေသည်။ ထိုနှစ်ဦးမှာ မြန်မာ စာပေလောကမှ လူထုဒေါ်အမာဖြစ်၍ မြန်မာ့နိုင်ငံရေးလောကမှ ဒေါ်အောင်ဆန်းစုကြည် တို့ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီး နှစ်ဦးစလုံးသည် သူတို့၏ လုပ်ကိုင် ဆောင်ရွက်မှုကြောင့် ပြည်သူလူထုက “အမေ”ဘွဲ့ကို ထိုက်ထိုက်တန်တန် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မည်သည့် ဂုဏ်ထူးဘွဲ့ထူးများ ရရှိစေကာမှု ပြည်သူလူထုက ပေးအပ်သည့် ဘွဲ့ထူးသည်သည် အမြင့်မြတ်ဆုံး ဖြစ်သည်။

 Aung Nay Myo

0 comments: