
2013-03-17
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြုံပြုချက်တွေကို တရုတ် ဝမ်ဘောင် ကုမ္ပဏီ အနေနဲ့ အလေးထား လိုက်နာ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်အစိုးရ အာရှပစိဖိတ် ဒေသဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဝမ်ရင်ဖန်း Mr. Wang Yin Fang က ပြောပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြုံပြုချက်တွေကို တရုတ် ဝမ်ဘောင် ကုမ္ပဏီ အနေနဲ့ အလေးထား လိုက်နာ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်အစိုးရ အာရှပစိဖိတ် ဒေသဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဝမ်ရင်ဖန်း Mr. Wang Yin Fang က ပြောပါတယ်။
ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်မှာ မနေ့က နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့စည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးရာမှာ မစ္စတာ ဝမ်ရင်ဖန်း Mr. Wang Yin Fang က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဝမ်ဘောင်ကုမ္ပဏီ အပါဝင် တရုတ် ကုမ္ပဏီတွေဟာ ပြည်ပနိုင်ငံတွေကို ထွက်ပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တာ ကာလတိုတောင်း သေးတဲ့အတွက် အတွေ့အကြုံ အားနည်းချက်တွေကြောင့် လက်ပံတောင်းတောင် ပြသနာလို ကိစ္စရပ်တွေ ဖြစ်ပေါ်ခဲ့ရကြောင်းနဲ့ မိမိတို့ တရုတ်အစိုးရ အနေနဲ့ အလားတူ ပြဿနာတွေကို ရှောင်လွှဲနိုင်အောင် ပြည်ပမှာ သွားရောက် ရင်းနှီးမြှုပ်နှံ မှု ပြုလုပ်နေတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ ပိုမိုပြီး ထိတွေ့
ဝမ်ဘောင်ကုမ္ပဏီ အပါဝင် တရုတ် ကုမ္ပဏီတွေဟာ ပြည်ပနိုင်ငံတွေကို ထွက်ပြီး ရင်းနှီးမြှုပ်နှံမ
ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ တရုတ်အစိုးရ အရာရှိက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းလဲကာလမှာ လူ့အခွင့်ရေး ၊သဘာဝ ပတ်ဝန်းကျင်အရေး အပါဝင် လက်ရှိမြန်မာလူထုရဲ့ အခွင့်ရေးဆိုင်ရာ စံသတ်မှတ်ချက်တွေဟာ ပိုမိုမြင့်မား လာတဲ့အတွက် ယခင်စစ်အစိုးရ လက်ထက်ကတည်းက လာရောက် ရင်းနှီးမြှုပ်နှံကြ တဲ့ တရုတ်ကုမ္ပဏီတွေ အနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းအလဲနဲ့ အညီ လိုက်နာဆောင်ရွက်ဖို့ လိုတယ်လို့လည်း မစ္စတာ ဝမ် ရင်ဖန်းက ဆိုပါတယ်။
နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလအတွင်း တရုတ်နိုင်ငံမှ အထူးအဆင့်မြင့် အရာရှိတဦးနဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါဝင် တခြား ပါတီတွေ၊ အရပ်ဖက် လူမှုအဖွဲ့စည်းတွေ ပထမဆုံး တွေ့ဆုံခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ တက်ရောက် လာသူတွေကလည်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ နိုင်ငံရေး ၊စီးပွားရေး၊ လူမှုရေးစတဲ့ ကဏ္ဍပေါင်းစုံ ဆက်ဆံမှုတွေမှာ နိုင်ငံတကာ ကျင့်ဝတ် စံနှုန်းတွေနဲ့ အညီ လိုက်နာ ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။
Copy from - RFA Burmese
0 comments:
Post a Comment