လက်ပံတောင်းတောင် ၏ အစီရင်ခံစာကို ယနေ့ နံနက်ပိုင်းတွင် တရားဝင် ထုတ်ပြန်ခဲ့ပြီး မနက်ဖြန်(မတ်လ ၁၃ ရက်)တွင် မုံရွာနှင့် လက်ပံတောင်းတောင် ရှိဒေသအချို့သို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်မည် ဖြစ်သည်။
"သက်ဆိုင်ရာ ရွာသူရွာသားတွေကို ရှင်းပြဖို့ ကော်မရှင်ရဲ့တွေ့ ရှိချက်တွေကို ရှင်းပြဖို သိချင်တဲ့ မေးခွန်းတွေကို မေးရင် ဖြေဖို့ပါ၊ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းဖို့ပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ ရွာသူရွာသားများ၏ တုန့်ပြန်လာမည့် အခြေအနေနှင့် ပတ်သတ်၍ "အန်တီက မျှော်လင့်ချက်မထားဘူး အန်တီအမြဲပဲ ပြောတယ်မဟုတ်လား မျှော်လင့်တယ် ဆိုတာ အယုံအကြည် မရှိဘူး၊ အလုပ်ကိုပဲ အန်တီ ယုံကြည်တယ် ကော်မရှင်ဥက္ကဌ အနေနဲ့ လုပ်သင့် လုပ်ထိုက်တဲ့ ဟာကို အန်တီလုပ်မှာပါ"ဟု ထပ်လောင်းပြောသည်။
Wednesday, March 13, 2013
ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်ဒေသသို့ မနက်ဖြန်သွားမည်
Copy from - Popular Myanmar News Journal
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment