Thursday, February 14, 2013

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မူးယစ်စိုက်ခင်း တိုက်ဖျက်ရေး လှုပ်ရှား

အစိုးရစစ် ပြည့်သူ့စစ်နှင့် မူးယစ်းဘိန်းခင်း

• ခလရ-၁၄၄ တပ်ရင်း
• ပန်ဆေးပြည်သူ့စစ်
• မန်ပူးပြည့်သူ့စစ်နှင့် မန်ပူး ရဲစခန်း
• မုံးဝီးပြည်သူ့စစ်တို့ (ပူးတွဲပါ မြေပုံအညွန်းကို လည်းကြည့်နိုင်ပါတယ်) 

ထိန်းချုပ်နယ်မြေအတွင်းရှိ ပလောင်ရွာများရှိ တောင်ကုန်းများပေါ်တွင် တရားမ၀င် ဘိန်းခင်းများကို လွပ်လပ်စွာစိုက်ပျိုးခွင့်ပြုထားကြောင့်ဤဗီဒီယိုကလစ်မှသက်သေခံပြီး ပြည်သူများကို မြင်သိစေပါတယ်

အခွန်ကိုတော့ ပြည့်သူ့စစ်များအဖွဲ့များနှင့် ခလရ-၁၄၄ တပ်ရင်းထံ မှန်မှန်ပေးရတယ်လို့လည်း ဘိန်းစိုက်သူများက ပြောပါတယ်

ပြီးတော့ ဒီနယ်မြေဟာ ပြည့်သူ့လွှတ်တော်အမတ် ပန်ဆေးကျော်မြင့်ခေါ် ဦးကျော်မြင့်ရဲ့ မဲဆန္ဒနယ်မြေ အမှတ်(၂)ထဲမှာ ပါဝင်တယ်လို့လည်း သိရတယ် ဆိုတော့ အမတ်ကြီးလည်း ဘိန်းခင်းက အခွန်တွေ စားရသောက်ရမှာ မလွှဲဧကန်ပါပဲဗျာ



 ဒီဗီဒီယို ကလစ်ကတော့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-TNLA မှ ဘိန်းတိုက်ဖျက်ရေး ဆင်းတုန်း မဖျက်ဆီးမီက ရိုက်ထားတဲ့ ဗီဒီယိုမှတ်တမ်းပါ လွန်ခဲ့တဲ့ ၂ ပါတ်လောက် ကတည်းက TNLA တပ်မတော် ကနေပြီးတော့ ဘိန်းခင်း တိုက်ဖျက်ရေး ဆင်နေခဲ့တာပါ

အခုဆိုရင် နမ်းခမ်းမြို့နယ် ပန်းဆေးပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ အနည်းဆုံးဧက ၁၀၀ ကျော် ဖျက်ဆီးပြီး ဖြစ်ပါတယ်

ဆက်လက်ပြီးတော့လည်း နမ်းခမ်း ကွတ်ခိုင် မန်တုံ နမ္မတူစသည့် ပလောင်ဒေသအတွင်း ရှိ ဘိန်းခင်းများကို လိုက်လံ ဖျက်ဆီးဦးမည်ဖြစ်တယ်

ထိုကဲ့သို့ မဖျက်ဆီမီ လူထုများနှင့်တွေ့ဆုံပြီး ဒေသအတွင်း ဘိန်းစိုက်ပျိုးခွင့်ပြုမှာ မဟုတ်ကြောင့် ရှင်းလင်းပြီးဖြစ်ပါတယ်

 

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်အနေနဲ့ကတော့ တအာင်း(ပလောင်)ဒေသအတွင်း

(၁) မူးယစ်းဆေးဝါး စိုက်ပျိုးခြင်း ထုတ်လုပ်ခြင်း တားမြစ်သည်။

(၂) မူးယစ်းဆေးဝါး အရောင်းအ၀ယ်လုပ်ခြင်း တားမြစ်သည်။

(၃)မူးယစ်းဆေးဝါး သုံးစွဲခြင်း တားမြစ်သည်။ ဆိုသည့် မူဝါဒ သုံးခုနဲ့ တအာင်း(ပလောင်)ဒေသ အတွင်း မူးယစ်းဆေးဝါးကင်းစင်အောင် စီမံချက် အကောင်ထည် ဖော်နေပါတယ်။

Copy from - Taang Tea Land

0 comments: