Wednesday, February 27, 2013

SSPP/SSA နှင့် တိုက်ပွဲ အစိုးရတပ် ၃၀ ခန့်သေ


 
26 FEBRUARY 2013

 ဖေဖေါ်ဝါရီ လနှောင်းပိုင်းအတွင်း သျှမ်းပြည် တပ်မတော်နှင့် တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားရာမှာ အစိုးရတပ် ဘက် အယောက် သုံးဆယ်ထက်မနည်း သေဆုံးကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက  ပြောပါသည်။

"တိုက်ပွဲကတော ၂၂ ရက်နေ့တုန်းက တော်တော် ပြင်းထန်တယ်။၂၃ ရက်နေ့တုန်းကတော့ ဒဏ်ရာရတဲ့ လူတွေနဲ့ အလောင်းတွေကို ပြန်ကောက်ကြတယ်လေ။ ဗမာတပ်ဘက်က အယောက်သုံးဆယ် ထက် မနည်းသေတယ်" - ဟု အမည်မဖေါ်လိုသည့် ဒေသအတွင်း ပြည်သူ့စစ် ခေါင်းဆောင်တဦးက ပြောပါသည်။

၂၄ ရက်နေ့က လွယ်နိုင်းရွာဘက်သို့ မြန်မာ စစ်တပ်မှ ပစ်သော ၆၀ မမ လက်နက်ကြီးမှာ မပေါက်ကွဲ ရှိနေရာ၊ ညပိုင်း ရွာသားများ ယာမီးရှို့စဉ် အဆိုပါကျည် မီးလောင်ကျွမ်း ပေါက်ကွဲသဖြင့် ထိုည၌ မြန်မာစစ်တပ် ဘက်မှ တဘက်တည်း တညလုံး ဒရစပ်ပစ်ခတ် နေကြောင်း ရွာသားများ ပြောပြချက်
အရသိရသည်။

သျှမ်းပြည် တပ်မတော် တပ်မဟာ ၃၆ တပ်ရင်း ၁၉၂ ထိန်းချုပ် လွယ်လန်း စခန်းအား ဖယ်ပေးရန် ပြည်ထောင်စုနေ့ မတိုင်မှီကတည်းက အစိုးရတပ်မှ ညွှန့်ကြား လာကြောင်း၊ဖ ယ်ပေးရန် သျှမ်းပြည် တပ်မတော် ဘက် ငြင်းဆန်ပြီးနောက်ပိုင်း သျှမ်းပြည်တပ်မတော် ထိန်းချုပ် နယ်မြေအတွင်း အစိုးရတပ် အင်အားဖြည့် လှုပ်ရှားလာ ကြောင်း၊ လွယ်လန်းတောင်ကြောရှိ SSPP/SSA စခန်းအား ၇ ကြိမ် တက် တိုက်ခဲ့ကြောင်း၊ဖေဖေါ်ဝါရီ ၂၂ ရက် နေ့တိုက်ပွဲအတွင်း အစိုးရတပ်ဘက် ၂၈ ယောက် သေဆုံးကြောင်း သျှမ်းပြည် တပ်မတော်ဌာနချုပ် အရာရှိတဦးက ပြောပါသည်။

"ကျနော်တို့ရတဲ့ အချက်အလက်တွေအရ အစိုးရ တပ်ဘက်က အလောင်း ၂၈ လောင်းနဲ့ ဒဏ်ရာ ရတာ ၁၄ ယောက် ရတယ်လို့ ပြောတယ်။ဒီလိုဖြစ်တဲ့ ကိစ္စက ကျနော်တို့က ခံစစ်လေ။ အပေါ်က အမိန့်ကို မလွန်ဆန် နိုင်ဘဲ ဟိုဘက်က ရဲဘော်လေးတွေက ဘုမသိဘမသိ တက်လာတယ်။ အဲတော့ ပစ်ချခံရတာပေါ့။ ကျနော် တို့က ဒဏ်ရာအနည်း အကျဉ်း ရတယ်။ ကျနော်တို့ အထူးရှောင်ရမှာက ဗမာတပ်ရဲ့ လက်နက်ကြီး ပစ်မှတ်ပဲ"- ဟု ရှေ့တန်းရောက် တပ်မှူးတဦးက ပြောပါသည်။ တိုက်ပွဲ ရပ်တန့်ရန် နေပြည်တော် အစိုးရ သမ္မတ ဦးသိန်းစိန် ညွှန့်ကြားထားသော် သျှမ်းပြည် တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ် ခမယ ၃၂၂ ၊ ၃၁၅ ၊ ၅ရရ ၊ ၅၇၄ ၊ ၅၂၅ ၊ ၅ရ၅ ၊ ခလရ ၃၃ ၊ ၁၃၁ ၊ ၂၉၅ တို့မှ အင်းအား တထောင်ခန့်က တပ်ရုပ်ပြန်ခြင်း မရှိသောကြောင့် တန့်ယန်းမြို့နယ်နှင့် မိုင်းရှူးမြို့နယ်အတွင်း စစ်ရေး ဆက်လက်တင်းမာ နေကြောင်း ကြားသိရပါသည်။

သတင်းရင်းမြစ် - သျှမ်းသံတော်ဆင်


0 comments: