
ယခင်အပတ်က စတင်ဖြစ်ပွားခဲ့သည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီနှင့် မြန်မာအစိုးရ တပ်မတော်အကြား တိုက်ပွဲများ ရပ်တန့်ရန် စနေနေ့ကသမ္မတ ထပ်ညွှန်ကြားသော်လည်း တိုက်ပွဲ ကြိုကြား ဖြစ်နေသေးကြောင်း သျှမ်းပြည်တပ်မတော် သတင်းရပ်ကွက်က ဆိုပါသည်။
ဖေဖော်ဝါရီလ ၂၃ ရက် သမ္မတကြီးထံ SSPP/ SSA မှ အချက် ၆ ချက်ပါ စာတစောင် ပေးပို့လိုက်ပြီး နောက်ပိုင်း မြန်မာအစိုးရ ၏ စစ်တပ်များ တပ်ဆုတ်မည့်ဟန်ဖြင့် လှုပ်ရှားနေသော်လည်း တကယ် တပ်ဆုတ်မည့်ဟန် မဟုတ်ဘဲ စစ်ရေးဗျူဟာအရ မျက်လှည့်နေခြင်း ဖြစ်နိုင်ကြောင်း သျှမ်းပြည် တိုးတက်ရေးပါတီမှ အကြီးအကဲတဦးက ပြောသည်။
“သောကြာနေ့က သမ္မတကြီးဆီ စာပို့ပြီးတဲ့နောက်ပိုင်း ရမခ တိုင်းမှူးက သူတို့လူ အလောင်း တွေကို ပြန်ကောက် မှာမို့လို့ ခြုံခို တိုက်ခိုက်ခြင်းမပြုဖို့ ကျနော်တို့ လားရှိုး ရုံးထိုင်တဲ့ အရာရှိကို အ ကြောင်းကြား လာတယ်။ ဒါပေမယ့် လူနာဘဲ ကောက်ဖို့ မဟုတ်ဘူး၊ တပ်စခန်းနားကို ချဉ်းကပ်ဖို့လာနေ တာ လဲတွေ့ရတယ်။ မိုင်းရှူးမြို့နယ် မိုင်းအောတ် ဘက်လဲ စကခ ၂ လက် အောက်ခံ တပ်တွေက အင်းအားဖြည့် လှုပ်ရှားနေတာတော့ တွေ့ရတယ်။ အခု ဝမ့်လွယ်ရွာ အနီးဘက်မှာ စစ်ရေးတင်းမာမှု ပိုများလာနေတယ်။
အဲဒီ့ဘက်လဲ တိုက်ပွဲ ထပ်ဖြစ်ရင်တော့ ရက်ရှည်သွားမှာ သေချာတယ်။ ” SSPP/SSA အရာရှိ တဦးက ပြောသည်။ဖေဖော်ဝါရီလ ၂၃ ရက် သမ္မတကြီးထံ SSPP/
“သောကြာနေ့က သမ္မတကြီးဆီ စာပို့ပြီးတဲ့နောက်ပိ
ယခုလ ၁၈ ရက်နေ့က ရမခတိုင်း ရလခ တိုင်း နှင့် ရမခ တိုင်းအောက်မှ စစ်ယာဉ်တန်းများ သျှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA ထိန်းချုပ် နယ်မြေဘက် အင်အား ပို့ဆောင်ပြီးနေ
“ အစိုးရ တပ်ကတော့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ရောက်လာမယ့် အမေရိကန် DEA အဖွဲ့ကို လုံခြုံရေးယူပေးဖို့ ဆိုဘဲ။ အဲဒါနဲ့ ကျနော်တို့ရဲ့ ဒီဒေသမှာရှိတဲ့ စခန်းတွေကို တပ်မ ၂ ခုနဲ့ ညှပ်ပြီး ဖယ်ထုတ်ဖို့ စီစဉ်တ
သမ္မတကြီးထံ လိပ်မူသည့် “ တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ရပ်စဲသွားနိုင်ရေးအတွက် တင်ပြခြင်း” စာ တွင် သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် SSPP/SSA အနေဖြင့် ငြိမ်းချမ်းရေးကိုအမှန် တကယ်လိုလား မှုကြောင့် ၂၀၁၂ က အစိုးရ၏ တောင်းဆိုချက်ကြောင့် မိမိတို့၏ တပ်စခန်း ၃ ခုကို တပ်ဆုတ် ပေးလိုက်ရကြောင်း၊ ယခုလည်းဘဲ မိမိတို့ တပ်မတော်သည် တန့်ယန်းမြို့နယ် လွယ်လန်းတောင်ကြော၊ နမ့်လပ် - နမ့်ပန် - ပန်ဟုန်းတောင်ေ
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်
0 comments:
Post a Comment