
photo by -Lachid Kachin
ကေအိုင်အိုဘက်က ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ကိုယ်တိုင် တက်ရောက်မှာ ဖြစ်သလို၊ မြန်မာ့တပ်မတော်ဘက်ကလည်း တပ်ပိုင်းဆိုင်ရာ အဆုံးအဖြတ် ပေးနိုင်တဲ့ ဗိုလ်ချုပ်ကြီးတဦး တက်ရောက်နိုင်တယ်လို့လည်း သိရပါတယ်။
ရွှေလီမြို့မှာှေဆွးနွေးပွဲ ဖြစ်တာကတော့ တရုတ်က သဘောတူညီလို့ရယ်၊ လိုလားတာကြောင့်ရယ်ကြောင့် ဖြစ်မယ်လို့ တရုတ်-မြန်မာနယ်စပ်က ဘီဘီစီ သတင်းထောက် ဦးမျိုးသစ်က သုံးသပ်ပါတယ်။
ကေအိုင်အိုကလည်း အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ နိုင်ငံတနိုင်ငံ၊ အဖွဲ့အစည်းတခုက ကြားဝင် ဆောင်ရွက်ပေးဖို့ စောစောပိုင်းက ပြောဆို ထားတာ ရှိပါတယ်။
အစိုးရနဲ့ အခုလို တိုက်ရိုက် ဆွေးနွေးမှာဖြစ်သလို UNFC နဲ့လည်း နိုင်ငံရေးအရနဲ့ လွှမ်းခြုံ ငြိမ်းချမ်းရေးသဘောအရ ဆက်လက် ဆွေးနွေးသွားမယ်လို့ ယူဆတယ်လို့ ဦးမျိုးသစ်က ပြောပါတယ်။
သတင်းရင်းမြစ် - ဘီဘီစီ
0 comments:
Post a Comment