သတင်းဓာတ်ပုံ - ဗညားဦး ၊ မောင်ပိုင်
Sunday, 03 February 2013
ရန်ကုန်မှ (၂၁-၁-၂၀၁၃) ရက်နေ့မှ စတင်ပြီး ငြိမ်းချမ်းရေး အလံစိုက်ထူရန်
ကချင်ပြည်နယ် လိုင်ဇာသို့ မိုင်(၇၀၀)ကျော် လမ်းလျှောက် ခရီးနှင်သည့်
အဖွဲ့သည် နေပြည်တော်မှ (၃-၁၂၀၁၃)ရက်နေ့ တွင် အေးချမ်းစွာ ဖြတ်သန်း သွားပြီဖြစ်ကြောင်း သိရှိရသည်။။
ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့သည် နေပြည်တော် လယ်ဝေးမြို့နယ် သာဝထ္တိမြို့သို့ (၁-၁-၂၀၁၃)ရက်နေ့နံနက်ပိုင်းတွင် ရောက်ရှိပြီး နေ့လည်စာ စားသောက်ခဲ့ပြီး ရန်ကုန်မန္တလေး လမ်းဟောင်းမြို့ရှောင်(၆)လမ်း သွားမှဖြတ် သန်းခဲ့ကြပြီး ပျဉ်းမနားမြို့ အရှေ့ဖက်မြို့ရှောင် လမ်းမဘေး ပုရွက်ဆိတ်ကုန်း ကျေးရွာ တွင် ညအိပ်ရပ်နား ခဲ့သည်။
ယင်းနောက် (၂-၁-၂၀၁၃)ရက်နေ့ နံနက် တွင် ဆက်လက်ထွက်ခွာ ခဲ့ကြပြီး နေပြည်တော်တပ်ကုန်းမြို့နယ် နန်သြကျေးရွာတွင် ညအိပ်ရပ် နားပြီး(၃-၁-၂၀၁၃) ရက်နေတွင် ဆက်လက် ထွက်ခွာခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်မှ ဖြတ်သန်းစဉ် ကာလအတွင်း ဒေသအာဏာပိုင်များ၊ အမ်ဂျီအို အဖွဲ့များ ဒေသခံပြည်သူများမှ လိုအပ်သည် များကို ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။
ဗညားဦး၊မောင်ပိုင်(နေပြည်တော်)
Copy from - Yangon Media Group
0 comments:
Post a Comment