Wednesday, February 27, 2013

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ...


 
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တောင်အာဖရိက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ဒီကနေ့ညနေ ၃ နာရီ အချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။

အသက် ၈၂ နှစ်အရွယ် ရှိတဲ့ ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ တောင်အာဖရိက အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေး ကာလအတွင်း အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သူ တဦးဖြစ်ပြီး အမှန်တရားနဲ့ ပြန်လည်သွေးစည်းရေး ကော်မရှင်ကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်

ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ ငြိမ်းချမ်းရေး နိုဘယ်ဆုအပြင် နိုင်ငံတကာက ချီးမြှင့်တဲ့ ဂုဏ်ပြု ဆုတံဆိပ်များစွာ လက်ခံ ရရှိထားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

သူဟာ မြန်မာ့နိုင်ငံရေးကို အထူးအလေးထား စိတ်ပါဝင်စားသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျရောက်နေတဲ့ ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အမြဲတစေ တိုက်တွန်း ခဲ့သူလည်းဖြစ်ပါတယ်။

ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ ဖေဖော်ဝါရီ ၂၅ ရက်က နိုင်ငံတကာ လှည့်လည် ပညာရှာမှီးရေး အစီအစဉ်နဲ့ ပင်လယ်ရေကြောင်း ကမ္ဘာပတ်နေသော Semester at Sea သင်္ဘောနဲ့ မြန်မာနိုင်ငံကို ရောက်ရှိ လာခဲ့တာပြီး သူဟာ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုကို ၁၉၈၄ ခုနှစ်က ရရှိခဲ့ပါတယ်။

ရိုက်ကူး - ကိုခန့်၊ ကျော်ဇေယျာဝင်း

Copy from - DVB TV News

0 comments: