Tuesday, February 26, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုယ်စားလှယ်များ ယနေ့နံနက် ရန်ကုန်မြို့သို့ ထွက်ခွာ


ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အတောက်အကူ ပြုနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်း၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ဦးဘိုသောင်း (ဥက္ကဌ/အဖွဲခေါင်းဆောင်)၊ ဒေါက်တာအေးကျော် (ဒုဥက္ကဌ/ဒုအဖွဲ့ ခေါင်းဆောင်)၊ ဦးမြင့်သိဏ်း (အတွင်းရေးမှူး /ပြောရေးဆိုခွင့်ရှိသူ)၊ ရဲဘော်ထွန်းအောင်ကျော်(အလုပ်အမှုဆောင် မဟာမိတ်ဆက်ဆံရေး တာဝန်ခံ) တို့ခေါင်းဆောင်းပြီး နိုင်ငံတကာဌာနခွဲမှ ကိုယ်စားလှယ်များ စုစုပေါင်း(၁၀)ဦး ပါဝင်သည့် အဖွဲသည် ယနေ့နံနက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တဆင့် မြဝတီ လမ်းကြောင်းအတိုင်း ရန်ကုန်မြို့သို့ထွက်ခွာလာပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း/ဓာတ်ပုံ ကိုဇော်သူရ ( မဲဆောက် )
 
Copy from - Popular Myanmar News Journal

0 comments: