ယနေ့ နေ့လည်တွင် ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မာန်ပြေ(၁၉)လမ်း အနောက်ရှိ အဆောက်အဦး တစ်ခုအား ရပ်ကွက်နေ ပြည်သူများမှ သဘောမတူသောကြာင့် မွန်းလွဲ၂နာရီမှ ၆နာရီအတွင်း တာဝန်ရှိသူများက ဖျက်ဆီး လိုက်ကြကြောင်း ယင်းအဆောက်အဦး၏ ဂေါပက ဥက္ကဌ ဦးလှရွှေက မြန်မာ့ခေတ်သို့ ပြောကြားသည်။
အောင်သိုက် ဓာတ်ပုံ - သီဟ
Copy from : The Myanma Age
Monday, February 18, 2013
အများဆန္ဒအရ အဆောက်အဦးတစ်ခုအား ဖျက်သိမ်း
" အမိုးပြင်သည်ဟု သိကြသော်လည်း အသင့်ပြုလုပ်ပြီး သံချည်သံကွေး ပစ္စည်းများအား အဆောက်အဦးအောက်၌ စနစ်တကျ သိုလှောင် သိမ်းစည်း၍ ဆောက်လုပ် နေကြကြောင်း ၊ ညပိုင်း၌ပင် ဆောက်လုပ် ကြခြင်းဖြစ်ကြောင်း..ဝတ်ပြုကျောင်းဆောင်ကြီး အဖြစ်ပေါ်ပေါက်လာ...."
အဆိုပါ အဆောက်အဦးအား ဆောက်လုပ်ရာတွင် စည်ပင်ဌာန၏ ခွင့်ပြုချက်ဖြင့် လွဲနေခြင်း၊ ဘာသာရေး စာသင်ကြောင်း အဖြစ် ပြင်ဆင်သော်လည်း ဝတ်ပြုကျောင်းအဖြစ် အသုံးပြုခြင်း စသော အချက်များကြောင့် ရပ်ကွက်နေ ပြည်သူများက အပြင်းအထန် ကန့်ကွက်ကြခြင်း ဖြစ်သည်ဟု
ဝတ်ပြုကျောင်းဆောင်ကြီး အဖြစ်ပေါ်ပေါက်လာခြင်း ဖြစ်ကြာင်း ယင်း ၁၉လမ်းတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။
သာကေတမြို့နယ် NLDမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
video by - April Maung Maung
ယင်းအဆောက်အဦး ယခုကဲ့သို့ ဖြစ်လာခြင်းသည် အနီးရှိ ရပ်ကွက်နေသူများပင် သတိမထားလိုက်မိကြောင်း အမိုးပြင်သည်ဟု သိကြသော်လည်း အသင့်ပြုလုပ်ပြီး သံချည်သံကွေး
ပစ္စည်းများအား အဆောက်အဦး အောက်၌ စနစ်တကျ သိုလှောင်သိမ်းစည်း၍ ဆောက်လုပ် နေကြကြောင်း ၊ ညပိုင်း၌ပင် ဆောက်လုပ်ကြခြင်းဖြစ်၍ စည်ပင်မှ အမိုးပြင်ရုံသာ ခွင့်ပြုသော်လည်း
၎င်းအဆောက်အဦးအား သာသနာရေးဝန်ကြီး ဌာနမှ ၁၃.၂.၂၀၀၁ တွင် စာအမှတ် ၁၀၀.၆.၄/ ဝတရ ဖြင့် ခွင့်ပြုထားကြောင်း၊ ပိုင်ရှင် ဦးတင်သန်းမှ လှူဒါန်းထားခြင်း ဖြစ်ကြောင်း မှတ်တမ်းတင် ထားသည်ကိုလည်း တွေ့ရသည်။ ထို့အပြင် စည်ပင်ဌာနမှ ၁လပိုင်းမှ ၉လပိုင်း ၄ရက် နေ့အထိ ပြင်ဆင် ခွင့်ပြုထားသော အထောက်အထားများ ရှိကြောင်း၊ ဘာသာရေး စာသင်ကြာင်းအဖြစ် ဆောက်လုပ်ခြင်း ဖြစ်ကြောင်း ယင်း အဆောက်အဦး ဂေါပကတစ်ဦးက ပြောကြားသည်။
ထိုအဆောက်အဦးအား မဆောက်လုပ်ရန် စစ်အစိုးရ လက်ထက်ကပင် အကြိမ်ကြိမ် ကန့်ကွက် ခဲ့ကြကြောင်း၊ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်ကပင် ချိပ်ပိတ်ထားသော အဆောက်ဦး ဖြစ်ကြောင်း၊ သို့သော် နောက်ပိုင်းတွင် မည်သို့ပြန်လည် ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်းကို မသိကြကြောင်း ထိုအဆောက်အဦးအား ကန့်ကွက်ခဲ့ကြသူများထံမှ သိရသည်။
၎င်းအဆောက်အဦးတွင် ကျောင်းသား၊ ကျောင်းသူကလေးများ ဆယ်ဦးခန့်စာသင်ကြားလျက် ရှိသည်ဟု ယင်း ၁၉ လမ်းတွင် နေထိုင်သူများထံမှ သိရသော်လည်း ဂေါပက ဥက္ကဌ ဦးလှရွှေ ပြောကြားရာတွင် ကျောင်းသား/ သူ၂၀၀ကျော်အား နွေရာသီ ကျောင်းပိတ်ရက်များတွင် ဘာသာရေး စာပေများ သင်ကြား လျက်ရှိသည်ဟု ပြောကြားသည်။ ထိုသို့ ကန့်ကွက်မှုများသည် ယနေ့နေ့လည် ၁၁နာရီ ခန့်တွင်စတင် ဖြစ်ပွားခဲ့ပြီး နေ့လည်၂နာရီမှ စတင်၍ အဆောက်အဦးအား မြို့ယ်နယ်၊ ခရိုင်၊ တိုင်းရဲမှူးများ၏ရှေ့မှောက်တွင် စည်ပင်ဝန်ထမ်းများက ဖျက်သိမ်းလိုက်ရာ ညနေ၆နာရီတွင် ပြီးစီးသွားကြာင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment