Tuesday, February 5, 2013

အဖွားကို ဓါးပြတိုက်သလို မပြောပါနဲ့


February 5, 2013

ပြည်သူတစ်ဦးဖြစ်တဲ့ အဘွားအနေနဲ့ နာကျည်းမျက် ရည်ကျခဲ့တာကိုသိရင် အတိတ်မှာဖြစ်ခဲ့သလို မဖြစ်အောင် ပြည်သူတွေကို အကာအကွယ် ပေးဖို့လိုတယ်ဆိုတာ သိအောင် ပြောရခြင်း ဖြစ်တယ်ဟု ဆိုလာ သည့် လယ်အသိမ်းခံ လယ်သူမ အဘွား ဒေါ်စန်းရီနှင့်တွေ့ဆုံ။ ပဲခူးတိုင်းဒေသကြီး၊ တောင် ငူခရိုင်၊ ကျောက်ကြီး၊ မြို့မအုပ်စု ရှိ အသိမ်းခံထားရသော ကွင်း အမှတ်(၉၅)ဦးပိုင်အမှတ် (၁၁၁/၁) မြေ(၂၅)ဧကခန့်အား ကာယကံရှင် မိသားစုများမှ ပြန်လည်အသနားခံ တောင်းဆိုသွား မည်ဖြစ်ကြောင်း သိရပါသည်။

 အဆိုပါ အသိမ်းခံထားရ သော မြေသည် ၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီလက်ထက်မှ စ၍ လုပ်ကိုင်ခဲ့ရာ ၁၉၈၈ ခုနှစ် န.၀.တ (နိုင်ငံတော်ငြိမ် ၀ပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့) လက်ထက်တွင် လယ်မြေ သိမ်းမိန့် ထွက်လာခဲ့ကြောင်း၊ မြေ သိမ်းအမိန့်နှင့် ပတ်သက်၍ ရ.၀.တ သို့ သွားရောက် စုံစမ်း ရာတွင် “လယ်သမားသည် လယ်မြေကို လုပ်ပိုင်ခွင့်သာရှိ ကြောင်း၊ လယ်ယာမြေကို နိုင်ငံ တော်က ပိုင်ကြောင်း”၎င်း သိမ်းယူ ခြင်းကိစ္စသည် မြို့မြေတိုးချဲ့ရန် အတွက် သိမ်းယူကြောင်း အမိန့် အပြင် ပြန်လည် ဆွေးနွေးခွင့် အရေးဆိုခွင့် မရှိကြောင်း ကာယကံရှင်မိသားစုများက ဆိုလာပါ သည်။ ၎င်းလယ်မြေပေါ်တွင် မြေကွက်များ အကွက်ရိုက် အကောင်အထည် ဖော်ဆောင်ရွက် ခဲ့ကြောင်း ထပ်မံ၍ ပြောပါ သည်။ အသက် (၈၆) နှစ်ရှိ အဘွားဒေါ်စန်းရီက “အမေကြီး တို့ ဘိုးဘွား လက်ထက်ကတည်း က ဓားမဦးချလုပ်စားခဲ့တဲ့ လယ်ယာ ၃၃ ဧကရှိတယ်။ အဲဒီတုန်း က မ.၀.တ ကနေ အဘွားတို့ မိသားစုကို ခဏခဏခေါ်ယူပြီး စစ်ဆေးတယ်။ ၁၉၉၁ ခုနှစ်က လယ်သိမ်းဖို့ လက်မှတ်ထိုးခိုင်း တယ်။ ဘာတွေရေးထားတယ် ဆိုတာမသိဘူး။ စာရွက်အလွတ်မှာ အဘွားကို ထိုးခိုင်းတာတော့ သိလိုက်ရတယ်။ အဘွားကိုနေဖို့ ဆိုပြီး ၃ ဧက ပြန်ပေးပါတယ်။ အဲဒီမြေကိုလည်း “ဘိုးဘွားပိုင်မြေ လို့ မမှတ်နေနဲ့ နိုင်ငံတော်ကပိုင် တယ်။ အချိန်မရွေးသိမ်းမယ်””လို့ ပြောပြန်တယ်။ အဘွားကလည်း မခံနိုင်လို့ ကျွန်မတို့ကို ဓားမြ တိုက်သလို မပြောပါနဲ့ အေးအေး ဆေးဆေးပြောပါ။ ထဘီလိုချင်ရင် ထဘီချွတ်ပေးပါမယ်လို့ ပြောလို့ဆိုပြီး အဘွားကို ကျောက်ကြီးရဲစခန်း အချုပ်ခန်း မှာ ဖမ်းဆီးချုပ်နှောင် ခံခဲ့ရတယ်။ နောက်နေ့

ကျတော့ အဘွားကို မ.၀.တရုံးကို ပြန်ထုတ်ပြီး ခင်ဗျားတို့စကားတွေ အထက်ကို တင်ပြရင် ဒီထက်ပိုနစ်နာမယ်။ မနာချင်ရင် အခုပေးထားတဲ့မြေ ၃ ဧက ပြန်သိမ်းတာကို လက် မှတ်ထိုးလာပါတဲ့။ အဘွားတို့ မိသားစုမှာ မျက်ရည်နဲ့မျက်ခွက် ပါပဲ။ အဲဒီနောက်မှာ အဘွားအိမ် ရှေ့ကို တပ်စိပ်တစ်စိပ်ရောက် လာပြီး ၀ိုင်းတယ်။ အဘွားကို လည်း စစ်ကြောရေးစခန်းကို စာ ပို့ခံရတယ်။ အဘွားမိသားစုမှာ မြို့ပြင်မထွက်ရအမိန့် အထုတ်ခံ ထားရတယ်။ အဘွား (၁၅)ရက် ကြာတော့ ခလရ(၆၀)တပ်ရင်း မှူးက သနားပါတယ်။ အရာရှိ လိုင်းခန်းအလွတ်မှာ ထားပါဆိုလို့ အဲဒီမှာ (၃)လအကျဉ်းဘ၀နဲ့ နေခဲ့ရတယ်။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ကျောက်ကြီး ကိုရောက်လာပြီး အဘွားကို မ၀တရုံးကိုခေါ်ပြီး ချက်ချင်း လွှတ်ပေးတယ်။ အဲဒီမှာလည်း ဒုတိယအသိမ်းခံရတဲ့မြေ(၃)ဧက နှင့်ပတ်သက်၍ တိုင်းမှူးက မေးရင် လှူကြောင်းအပြောခိုင်း တယ်။ ဒါတွေကို အဘွားနှင့် အဘွားရဲ့ မိသားစုတွေဘ၀လို တိုင်းပြည်မှာ မခံရအောင် ပြော ချင်လို့ပါ။ မိသားစုဘ၀ ဖရိုဖရဲ ဖြစ်ခံရတဲ့ဘ၀ကိုလည်း ပြန်သူ တွေမခံစားစေချင်ဘူး။ အနိုင် ထက်ပြုတာတွေ အဓမ္မလုပ်တာ တွေ၊ ခြိမ်းခြောက်ပြီးတာတွေဟာ အဘွားလိုခံခဲ့ရတဲ့ ပြည်သူတွေ အတွက် လူထုရဲ့ ခါးသီးခံခက် နာကျည်းချက်တွေပဲဆိုတာတာဝန် ရှိသူတွေသိအောင် ပြောချင်လို့ ပါ။ ယနေ့သွားနေတဲ့ ဒီမိုကရေစီ စနစ်အတွက် ဒီဟာတွေ သင်ခန်းစာရဖို့ ပိုပြီးဖြောင့်ဖြူး မယ်လို့ ယူဆလို့ပြောတာပါဟု ပြောပြပါသည်။

စိုးဝင်းနိုင်

Copy from : The Hot News
 

0 comments: