20 Feb 2013,
ဆရာတော် အရှင်ဆန္ဒာဓိက က ချင်းအမျိုးသားနေ့ အထိမ်းအမှတ် သိန်း ၅၀၀ ကျော်လှူဒါန်း ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်နဲ့ ချင်းပြည်နယ် ပညာရေးရံပုံငွေအတွက် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က အလှုငွေကျပ် သိန်း ၅၂၀ ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တဆင့် ဒီကနေ့ ပေးအပ် လှူဒါန်း လိုက်ပါတယ်။
နေပြည်တော် လွှတ်တော်မှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ရုံးခန်းကို ဆရာတော်ကြွရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပြီး
ချင်းပြည်နယ် ပညာရေးအတွက် ဆရာတော်က ငွေကျပ်သိန်း ၅၀၀ ကျော် လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ချင်းပြည်နယ် ပညာရေးအတွက် ဆရာတော်က ငွေကျပ်သိန်း ၅၀၀ ကျော် လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ရာတော်က မိန့်ကြားခဲ့တဲ့ အချက်ကို ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြန်ပြောပြပါတယ်။
" ကျွန်မတို့ ဒီနေ့ ချင်းအမျိုးသားနေ့မှာ ဆရာတော် အရှင် ဆန္ဒာဓိကကနေ လွှတ်တော်မှာလာပြီး ချင်းပြည်နယ် တီးတိန်မြို့က ကျောင်းတစ်ကျောင်းအတွက် အလှူဒါန ပြုလုပ်သွားပါတယ်၊ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ ချင်းပြည်နယ်က လွှတ်တော် ကိုယ်စားလှယ်တွေရော တက်ရောက် နိုင်ခဲ့ပါတယ်၊ ဆရာတော်ကလည်း သြဝါဒမိန့်ကြားခဲ့ပါတယ်၊ မိန့်ကြားသွားတဲ့အထဲမှာ တစ်ခုက ဘာလဲဆိုတော့ အခုလို လှူဒါန်း ရတဲ့ကုသိုလ်ဟာ ဆရာတော်အတွက် လောကိအတွက်ရော လောကုတ္တရာ အတွက်ပါ ဘာမှ မလိုချင်ပါဘူး၊ တိုင်းရင်းသားတွေ ပိုပြီး စည်းလုံးညီညွတ်စေချင်ပါတယ်လို့ မိန့်သွားပါတယ်၊ ကျွန်မတို့အားလုံးကလည်း စည်းစည်းလုံးလုံးရှိကြပါတယ်"
အခုလို ဆရာတော်ရဲ့ အလှူငွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဝမ်းမြောက်စကားပြောကြားခဲ့သလို ငွေလက်ခံရယူတဲ့ ချင်းတိုင်းရင်းသားခေါင်းဆောင်ကလဲ ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
Copy from - Rfa.org/
0 comments:
Post a Comment