…. ပလောင်ကျေးရွာ အကြမ်းဖက်မှု ဖြစ်ရပ်မှန် ….
(စုစုနွေးတင်ပြချက်)
ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာ မရှိတဲ့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ခဲ့ရပါတယ်။
မနေ့ညနေက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ဒီနေ့မနက်မှာ ကျမတို့တတွေ မအူပင်မြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီးနဲ့ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ နေရာအထိ သွားရောက်ခဲ့ပါတယ်။ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံမေးမြန်းပြီး တတ်နိုင်သမျှ ညှိနှိုင်း ဖြေရှင်းပေးခဲ့ပါတယ်။ လုံးဝပြေလည် သွားပါပြီလို့တော့ မဆိုနိုင်ပါဘူး။ လောလောဆယ်မှာ မနေ့ကလို အကြမ်းဖက်မှုမျိုး ထပ်မံ မဖြစ်ပေါ်အောင်တော့ နှစ်ဖက်စလုံးကို ညှိနှိုင်းပေးခဲ့ပါတယ်။ ကျမသိခဲ့ရသမျှ ဖြစ်စဉ်ကို တင်ပြပါ့မယ်။ဒါပေမယ့် ကျမပြောသမျှသာလျှင် ဧကန်ဖြစ်ရပ်မှန်လို့တော့ တစ်ထစ်ချ မယူဆ စေလိုပါဘူး။ ဒီ့ထက်ပိုမို ပြည့်ပြည့်စုံစုံ မေးမြန်းစုံစမ်းခွင့်၊ သိရှိခွင့် ရဦးမယ်ဆိုရင် ဒီ့ထက်ပိုမိုတဲ့ ဖြစ်ရပ်မှန်တွေ ပေါ်ပေါက်လာနိုင်ပါသေးတယ်။
မနေ့ညနေက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ဒီနေ့မနက်မှာ ကျမတို့တတွေ မအူပင်မြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီးနဲ့ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ နေရာအထိ သွားရောက်ခဲ့ပါတယ်။ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံမေးမြန်
ဇာတ်လမ်း အစကတော့ ၂၀၀၆ခုနှစ်က၊ မအူပင်မြို့နယ် အုပ်
သိမ်းယူခဲ့ပါတယ်။ ဒါပေမယ့် ရေဆိုးစွန့်မြောင်း စီမံကိန်းအတွ
လယ်မြေ အသိမ်းခံခဲ့ရသူတွေ အပါဝင်၊ ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်း နက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ လမ်းတစ်ခု ဖြစ်ခဲ့ရပါတယ်။ တရားဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရမယ့် တာဝန်ရှိသူတွေ ကိုယ်တိုင်က တရားလက်လွတ် လုပ်လာတဲ့အခါ၊ မိမိတို့အသက်ရှင် ရပ်တည်ရေးအတွက် တခြား ရွေးချယ်စရာလမ်း မရှိတော့တဲ့  အငတ်ဘေး ဆိုက်နေသူတွေက တရား ဥပဒေဆိုတာကို အလေးမထားနိုင်တော့တာ ဘယ်လိုအပြစ် ဆိုဝံ့ကြမလဲ။ ဒီတော့ ကုမ္မဏီ ပိုင်ဆိုတဲ့ မြေလွတ်တွေထဲမှာ စိုက်ပျိုးရေး လုပ်ငန်းတွေ ၀င်ရောက် လုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။
မြေလွတ်မြေရိုင်း နှစ်ဧကလောက် အပေါ်မှာရှိနေတဲ့ ချုံနွယ်တွေကို ၀င်ရောက် ရှင်းလင်းကြပါတယ်။ ချုံနွယ်တွေ ၀င်ရောက် ရှင်းလင်းကြသူ ရွာသားတွေကို ရဲတပ်ဖွဲက လာရောက် တားမြစ်ပြီး၊ ပိုင်နက် ကျူးကျော်သူတွေအဖြစ် ကုမ္မဏီက အမှုဖွင့် တရားစွဲဆို ထားကြောင်း အသိပေးပါတယ်။ ရွေးချယ်စရာ တခြားနည်းလမ်း မရှိတော့တဲ့ ရွာသားတွေအတွက်ကတော့ သေမထူးနေမထူး ဖြစ်နေရပြီမို့ နောက်ဆုတ် စရာလည်း မရှိတော့ပါဘူး။ တရားဥပဒေ ဆိုတာထက် မျှတမှုကိုပဲ မျှော်လင့်မိကြတယ်။ ဒါက အကြမ်းဖက်မှု ဖြစ်စဉ်ရဲ့ အခြေခံဇာတ်ပျိုးပါ။
မနေ့ကနေ့လည် မှာတော့ အရေးပေါ် အခြေအနေ ပုဒ်မ(၁၄၄)ထုတ်ပြန်ပါတယ်။ ရွာသားတွေကို ၀င်ရောက် ကျူးကျော်ထားတဲ့ လယ်မြေေ
ဒါပေမယ့် ဘယ်သူမှ မရပ်ကြတော့ မျက်နှာချင်းဆိုင် ကျွံမိကြတာပါပဲ။ရွာသူရွာသားတွေဖ က်က စတင် ကျူးလွန်တယ်၊ ကိုမောင်စိုးဆိုတဲ့လူက ဓားနဲ့ စတင်တိုက်ခိုက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ မျက်နှာချင်းဆိုင် တိုးမိကြတော့ ရှေ့ဆုံးက ရွာသားတွေက လမ်းဖယ် ပေးလိုက်ကြတယ်။ ရဲတပ်ဖွဲ့ဝင်(၃၀)လောက်က လူအုပ်ထဲ ရောက်သွားတယ်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တော့ နောက်က အမျိုးသမီးတွေက ရှေ့တိုးလာကြတယ်။ အဲဒီ့မှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က နှမသားချင်း မစာနာဘဲ (နင်တို့ မိန်းမတွေဟာ ငါတို့ယောက်ျားတွေရဲ့ အောက်မှာပဲ ရှိတယ်ဆိုပြီး) ရိုင်းပြစွာ ပြောဆိုတော့ မမူမူဝင်းဆိုတဲ့ အမျိုးသမီးက နင် မမိုက်ရိုင်းနဲ့ ဆိုပြီး ၀င်ပြောပါတယ်။ အဲဒီမှာ ဆဲဆိုတဲ့ရဲတပ်ဖွဲ့ဝင်က သူ့ကို ပြန်ပြောရပါ့မလားဆိုပြီး မမူမူဝင်းကို လက်ကကိုင်လာတဲ့ နံပါတ်တုတ်နဲ့ ရိုက်ပါတယ်။ ဒါကိုမြင်တော့ လူငယ်တွေက သည်းညည်းခံပြီး မနေသာတော့ပဲ ၀င်ရောက်ရိုက်နှက် ထိုးခုတ်မှုတွေ စတင်ဖြစ်ပွားရတာပါပဲ။ ဒီလိုရုန်းရင်း ဆန်ခတ်တွေဖြစ်ပြီ ဆိုတော့ သေနတ်ပါ လာပါတယ်။
အချက်ပေါင်း(၁၅၀)လောက် ပစ်ခတ်ခဲ့ပါတယ်လို့ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ မိုးပေါ်ထောင်ပြီးပစ်တာ ဟုတ်မဟုတ်ကတော့ ဆေးရုံမှာ ရောက်ရှိနေကြတဲ့ သေနတ်ဒဏ်ရာနဲ့ လယ်သမားတွေက သက်သေခံကြပါလိမ့်မယ်။ စတင်ဆဲဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူကတော့ ပြင်းထန်တဲ့ဓားဒဏ်ရာကြောင့် ကွယ်လွန်သွားရှာပါပြီ။သူတို့လက် ချက်ဖြစ်တဲ့အကြောင်းလည်း ရွာသားတွေက ၀န်ခံပါတယ်။
အခုဆိုရင် ရွာသူရွာသားတွေအများစုက ရွာထဲကို မပြန်ရဲကြပါဘူး။ငတ်လို့ လယ်မြေတွေ ၀င်လုမိတာပါလို့လည်း ကျမကို ၀န်ခံကြရှာ ပါတယ်။ ကျမစကားကိုလည်း နားထောင်ပါ့မယ်တဲ့။ တစ်ခုပါပဲတဲ့။သူတို့ရွာထဲ ပြန်ဝင်ရင် မဖမ်းပါဘူး၊အရေးမယူပါဘူး ဆိုတာကိုတော့ အစ်မတာဝန်ယူပေးပါတဲ့။ ကျမ သူတို့ရဲ့ဆန္ဒအတိုင်း ညှိနှိုင်းကြည့်ပါသေးတယ်။ တာဝန်ရှ
Su Su Nway,(FB) အင်တာနက်စာမျက်နှာသတင်းမှ
0 comments:
Post a Comment