နိုင်ငံတော် သမ္မတရုံးကနေ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသု
လေတပ်ဦးစီးချူပ် ဗိုလ်ချူပ်ကြီး မြတ်ဟိန်းအကြောင်းတွေ အများပြည်သူ သိအောင် ဖေါ်ပြရပါမယ်။
မြတ်ဟိန်းမ တိုင်ခင် လေတပ်ဦးစီးချူပ်ဟောင်း မြင့်ဆွေက ကျော်နေ၀င်းတို့ ကိစ္စမှာ ပါသွားတော့ ၂၀၀၃ ခုနှစ်မှာ မြတ်ဟိန်းဟာ စင်ပေါ်ရောက်လာဖို့ တော်ကောက်ခံခဲ့ရပါတယ်။ ဒါပေမယ့် မြတ်ဟိန်းဟာ အမှတ်စဉ် (၁၇) က ဆင်းတာဖြစ်ပေမယ့် ခင်မောင်တင်၊ တင်မောင်ထွန်း၊ မြတ်ဟိန်း (၃) ယောက်မှာ မြတ်ဟိန်းက အရည်အချင်း အညံ့ဆုံးဖြစ်လို့  ဒီလို ခပ်ညံ့ညံ့သူ လေတပ် ဦးစီးချုပ်ဖြစ်မှ ကြည်းတပ်ဘက်က ဗိုလ်ချူပ်ကြီးတွေက စိတ်ကြိုက် လုပ်လို့ရခဲ့ပါတယ်။ ဒါကိုလည်း မြတ်ဟိန်းက အထက်က ဗိုလ်ချူပ်ကြီးတွေ အကြိုက် လုပ်ပေးရလို့ သူကိုယ်တိုင်ကလည်း နှစ်နှစ်ခြိုက်ခြိုက် ကျေကျေနပ်နပ်ကြီး လေတပ် ဦးစီချူပ် ဘ၀ကို ခံယူ နေတာပါ။
မြတ်ဟိန်းဟာ တရုတ်လေယာဉ်တွေ ကြည်းတပ် ဗိုလ်ချူပ်ကြီးတွေ အကြိုက်အရသာ ၀ယ်ပေးခဲ့ပါတယ်။ တရုတ်လေယာဉ်တွေ ကောင်းကောင်း မကောင်းကောင်း မြတ်ဟိန်းဟာ ခေါင်းငြိမ့်ခဲ့ပါတယ်။ လေယာဉ် တစ်စီးဝယ်ရင် မြတ်ဟိန်းက (၁၀) ရာခိုင်နှုန်း ရပါတယ်၊ သူ့ရဲ့မိန်းမ ထွေးထွေးညွှန့်က ခပ်လည်လည်ဖြစ်သူမို့ သားဖြစ်သူကို တေဇ ဆီအပ်ပြီး ကျွန်ခံခိုင်းပါတယ်။ တေဇဟာ သန်းရွှေတို့နဲ့ ပိုင်သူဆိုတော့ မြတ်ဟိန်းရဲ့  မိန်းမ ထွေးထွေးညွှန့်က ပေါင်းထားတာပါ။ လေတပ်က အရာရှိတွေ နိုင်ငံခြားသင်တန်းတို့ တပ်ပြောင်းတာတို့ ကို မြတ်ဟိန်းရဲ့မိန်းမ ထွေးထွေးညွှန့်က ရွှေရရင် လုပ်ပေး ပါတယ်။
နောက်အကြောင်း တစ်ခုကတော့ လေတပ်ဦးစီးချူပ် မြတ်ဟိန်း ဒုဗိုလ်ချူပ်ကြီးရာထူးနဲ့  ရှိနေစဉ်တုန်းက သူရဲ့  ခွင့်ပြုချက်တွေနဲ့  မြတ်ဟိန်းရဲ့  ယောက်ဖတော်သူ ပီတာညွှန့် မောင်ဆိုသူဟာ မြန်မာ ဟာမိုနီဆားဗစ်ဆက် ကုမ္ပဏီရဲ့  ဦးဆောင် ညွှန်ကြားရေးမှူးနေရာ ရထားပြီး၊ ပြည်ပ အလုပ်အကိုင် ခွင့်ပြုချက်ရလ
၂၀၀၉ ခုနှစ်တုန်းက မြတ်ဟိန်းရဲ့ သားဖြစ်သူ မောင်းနှင်ခဲ့တဲ့ ကားဟာ ဂျစ်ကားတစ်စီးကို အတင်းေ ကျာ်တက်တာကြောင့် ယာဉ်တိုက်မှုဖြစ်ပြီး လမ်းပေါ်က အသက် (၅၀) ခန့် အရွယ် အမျိုးသားတစ်ဦး သေဆုံး ခဲ့ရပါတယ်။
လေတပ်ဦးစီးချုပ် မြတ်ဟိန်းက သူ့သား စိုင်းစိုင်း ကားတိုက်မှု ဖြစ်ခဲ့တာကို အိမ်က ကားသမား ဒရိုင်ဘာက တိုက်တဲ့ပုံမျိုးနဲ့ အစားထိုး ဖန်တီးပြီး သူ့ ရဲ့ သား အပြစ်မကျဖို့ အတွက် လူစားထိုးပြကာ ကားသမား ဒရိုင်ဘာကို အရေးယူတဲ့ ပုံစံနဲ့  တပ်ရွှေ့ ပြောင်းပြစ် ခဲ့ပါတယ်။ ဒီလိုမျိုး လေတပ်ဦးစီးချုပ် မြတ်ဟိန်း လူမျိုးဟာ သူရဲ့ သား ကားတိုက် လူသေတာတောင် သူ့ သားကို ဥပဒေအရ လုံးဝ အရေးယူမှု မရှိအောင် လိမ်လည် လှည့်ဖြား လုပ်ဆောင်ခဲပါတယ်။ နှုတ်ပိတ်ခ အဖြစ် ငွေ (၁၅) သိန်းပါ ပေးခဲ့ပါတယ်။ ဥပဒေကို မလေးမစား ထင်ရာစိုင်းခဲ့ကြတဲ့ မြတ်ဟိန်းလို အာဏာရှင် ဗိုလ်ချူပ်ကြီးတွေရဲ့  လာဘ်ပေး လာဘ်ယူနေကြတဲ့ လုပ်ရပ်ဟာ ဥပဒေရဲ့  အထက်က အခွင့်ထူးခံတွေ ဖြစ်နေပြီး ဥပဒေကို ဖင်ခု ထိုင်ထားကြပါတယ်။ ဥပဒေကို လှည်ဖြားတဲ့ မြတ်ဟိန်းရဲ့  လုပ်ရပ်တစ်ခုပါ။
နောက်တစ်ခုကတော့ မြစ်ကြီးနားလေတပ်က ဗိုလ်ကြီးကတော် တစ်ဦးက နေရာကောင်း ဂွင်ကောင်း ရအောင် တပ်ပြောင်းချင်လို့ဆိုပြီး လေတပ်ဦးစီးချုပ် မြတ်ဟိန်းရဲ့ ကတော် ထွေးထွေးညွှန့် ကို စိန်နားကပ် သိန်း (၅၀) တန် ကန်တော့ပါတယ်။ သိပ်မကြာဘူး မြစ်ကြီးနားကနေ သန်းရွှေရဲ့ သားမက် သိန်းနိုင်ရဲ့ တပ်ကို ရောက်သွား ပါတယ်။ အကြံအဖန် လာဘ်ပေး လ်ာယူတွေနဲ့  ဥပဒေကို ဂရုမစိုက်ဘဲ လုပ်ချင်သလို လုပ်နေတဲ့ မြတ်ဟိန်းတို့ ဗိုလ်ချူပ်တွေရဲ့  လုပ်ရပ်ထဲက တစ်ခုပါ။
လေတပ်ဦးစီးချူပ် မြတ်ဟိန်းဟာ ရွှေမန်းတို့  သိန်းစိန်တို့ အကြိုက် လိုက်လုပ်သူမို့  တရုတ်ကြီးနဲ့  ဖင်ပြန်ခေါင်းပြန် ပူးပူးကပ်ကပ် ပေါင်းပြပါတယ်။ ရွှေမန်းတို့  သိန်းစိန်တို့ အကြိုက် တရုတ်ပြည်ကို လွှတ်ရင် အားရပါးရ အပြေးကလေးသွားကာ တရုတ်လေယာဉ် ပေါချောင်ကောင်းတွေ ရဖို့  လုပ်ပေးခဲ့ပါတယ်။
လေတပ်ဦးစီးချူပ် ဗိုလ်ချုပ်ကြီး မြတ်ဟိန်းဟာ လာဘ်ပေးလာဘ်ယူတာတွေ တရားဥပဒေကို လိမ်ညာ အသုံးပြုတာတွေ အစရှိတဲ့ လုပ်ဆောင်မှုတွေ သာမက လေတပ်အတွက် တရုတ်လေယာဉ်တွေ ၀ယ်ယူခြင်းနဲ့  ငွေကြေးချမ်းသာ နေသူဖြစ်ပါတယ်။ လက်ရှိ ရွှေမန်းတို့  သိန်းစိန်တို့  မင်းအောင်လှိုင်တို့  အလိုကျ လတ်တလော ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်ဒေသ တိုက်စစ်ဆင် ထိုးနှက်မှုမှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ဖို့  အမိန့် ပေးခဲ့သူ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ရွှေမန်းတို့  သိန်းစိန်တို့  မင်းအောင်လှိုင်တို့ အတွက် အရေးကြီးတဲ့ ဆက်သွယ်ရေး ၀န်ကြီးဌာနအတွက် ယုံကြည်စိတ်ချရသူ လူယုံတော်ကြီး မြတ်ဟိန်းကို အပိုင်စားပေး တော်ကောက် ချီးမြှင့်လိုက်တာဘဲ ဖြစ်ပါတယ်။
ဒီလို မြတ်ဟိန်းလိုလူ ယနေ့  လွှတ်တော်ထဲ ရောက်ရင်တော့ လွှတ်တော်ကြီးဟာ သိန်းစိန်တို့  ယူနီဖောင်းချွတ်တွေချည်းဘဲ ပိုပိုလာလို့  ယခင်က န၀တတို့  နအဖတို့ လိုဘဲ အာဏာရှင်ဗိုလ်ချူပ်ကြီးတွေ ကြီးစိုးနေတဲ့နေရာ ဖြစ်နေတာ ပိုသိသာနေပါပြီ။
လေတပ်က မြတ်ဟိန်းရဲ့  မသန့် ရှင်းတဲ့ လေတွေကြောင့် လွှတ်တော်ကြီးနဲ့  ဆက်သွယ်ရေးဝန်ကြီးဌာန၌သာမက မြန်မာပြည်တစ်ဝှမ်း လေမုန်တိုင်းမိတော့မှာပါ။
Nik Nayman , အင်တာနက်သတင်းစာမျက်နှာမှ
0 comments:
Post a Comment