Friday, February 15, 2013

တရုတ်တွေက ဗမာ့လယ်တွေကို ဘာလို့ အတင်း လိုက်ဝယ်နေရတာလဲ ???

တရုတ်တွေက မြို့ကြီးတွေအနီး ကားလမ်းဘေး မြစ်ချောင်း ရေလမ်းဘေး အနီးရှိ လယ်များကို အတင်း လိုက်လံ ဝယ်ယူနေသည် ... ၂၀၁၀ နှစ်ကုန်ပိုင်းလောက်က စပြီး လက်သိပ်ထိုး ဝယ်ယူနေတာ အခုပေါ်ပေါ်တင်တင်ဝယ်ယူနေကြသည် ... ဧရာဝတီ ... ချင်းတွင်းမြစ်ဘေး ဝဲယာတလျောက် တော်တော်များများ ဝယ်ယူပြီး ဖြစ်နေကြသည်ဟု သိရသည်။

တရုတ်ပြည်တွင်းမှာ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သတ်ပြီး ဥပဒေပြဌာန်းမှုတွေ စောင့်ကြည့် စစ်ဆေးမှုတွေ စုံစမ်း အရေးယူမှုတွေ ပိုက်စိပ်တိုက် ပြုလုပ်လာလို့ နံဘေးက ပွင်းလင်းစ နိုင်ငံတွေထဲ တရုတ် လုပ်ငန်းရှင်တွေ ရွေ့ပြောင်းကုန်တာ ဖြစ်မယ် လို့ တရုတ်ပြည် လေ့လာသူ တစ်ဦးကပြောပါသည်။

ဟိုတလောကပဲ တရုတ်ပြည်ရဲ့ အထင်ကရမြို့တော် ပီကင်းမှာ မီးခိုးမြူတွေ ဆိုင်းတဲ့ အဖြစ်နဲ့ကြုံရတယ် သဘာဝ အလျောက်ဖြစ်တဲ့ မီးခိုးတွေမဟုတ်ပဲ စက်ရုံအလုပ်ရုံတွေက လေထဲကို စွန်ပစ်လိုက်တဲ့ စက်ရုံ ထုတ်ဘေးထွက် မီးခိုးတွေပဲဖြစ်ပါတယ် ... အဲဒီ မီးခိုးတွေထဲမှာ လူကို ရောဂါအမျိုးမျိုး အထူးသဖြင့် အသင်ရှူ လမ်းကြောင်းပိုင်းဆိုင်ရာ ကင်ဆာ ရောဂါဖြစ်ပွားစေတဲ့ အရာတွေ များစွာပါဝင်လို့ ပီကင်းမြို့သူမြို့

သားတွေ အိမ်ထဲမှာပဲ နေဖို့ အိမ်ပြင်မထွက်ကြဖို့ သတင်း ထုတ်ပြန်ထားတယ်လို့လဲ ကြားသိရပါတယ် . .

အဲဒီ မြူတိမ်တိုင်ကြီးဟာ အရှေ့ဘက်ကို ရွေ့သွားပြီး ဂျပန်အထိရောက်သွားလို့ ဂျပန်မှာလည်း အတော့်ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ် . . .

ဗမာပြေက လယ်မြေတွေကို တရုတ်တွေ အငမ်းမရ လိုက်လံဝယ်ယူနေတာကတော့ ဗမာပြေမှာ ဥပဒေပြဌာန်းမှုတွေ အားနည်းနေတာ . . အစိုးရဝန်ထမ်းတွေ လာဘ်စားမှုနှုန်း မြင့်နေတာ . . ကိုယ်နဲ့မဆိုင်ရင် ဘာမှ စူးစမ်းမှုတွေ မလုပ်ကြတဲ့ ဗမာ့အသိုင်းအဝိုင်းရဲ့ ခေါက်ရိုးကျိုးနေတဲ့ ပုံစံဖြစ်နေတာ . . တွေ စက်ရုံ အလုပ်ရုံတွေကနေ စွန့်ပစ်ရေဆိုး လေဆိုး စတာတွေကို ပတ်ဝန်းကျင် မြစ်ချောင်းတွေထဲ ဒီအတိုင်း စွန့်ပစ်နေတ်ာတွေကြောင့်ပဲ ဖြစ်ပါတယ် . .

ဒီလို တရုတ်တွေက ဗမာလယ်မြေတွေကို အငယ်းမရ လိုက်လံ ဝယ်ယူနေတာတွေဟာ ဗမာပြေ အနာဂတ်အတွက် အလားအလာကောင်း တစ်ခုမဟုတ်ပါဘူး . . မျက်စိမှိတ်ေ နကြရင်ဖြင့် လာမယ့် သုံးနှစ်အတွင်း ပြန်ပြင်မရနိုင်လောက်တဲ့ ပတ်ဝန်းကျင် ထိခိုက်မှုကြီးတွေ ဖြစ်လာနိုင်ပါတယ် . . .

တရုတ်အစိုးရကလည်း တရုတ် လုပ်ငန်းရှင်တွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေ လိုက်နာအောင် . . ကျင့်ဝတ်နဲ့အညီ စီပွားရှာတတ်တဲ့ စီပွားရေးသမားကောင်းတွေ ဖြစ်လာအောင် တိုက်တွန်းဖို့ အလေးထား ဆောင်ရွက်မှုတွေ မတွေ့ရပါဘူး . . တရုတ်ပြည်တွင်းမှာလည်း ဦးသူယူ လျှင်သူစား ပိုင်ရာ ဆိုင်ရာ ကပ်နိုင်သူတွေ ကြီးပွားဆိုတာမျိုးတွေ ဖြစ်ခဲ့တာပါ . . အထူးသဖြင့် တရုတ်ပြည်မနဲ့ အလှမ်းကွာလှတဲ့ ယူနန်လို ပြည်နယ်မျိုးတွေမှာ အများကြီးဖြစ်ခဲ့တာပါ . . အခုတော့ တရုတ်ပြည်မှာ အတော်ကြပ်မတ်လာလို့ အဲဒီ စည်းမရှိကမ်းမရှိ တရုတ်စီပွားရေး လုပ်ငန်းရှင်တွေ ဗမာပြည်လို ဘေးနိုင်ငံတွေထဲ စိမ့်ဝင် ကျက်စားလာတာ ဖြစ်ပါတယ် . .

တရုတ်နံဘေးက နိုင်ငံတွေထဲမှာ ဗမာပြည်ဟာ တရုတ်တွေအတွက် အလွန်ကို သွားရည်ယို မျက်စိကျစရာ ဖြစ်နေပါတယ် . . နှေးကွေးပြီး အသုံးမကျတဲ့ ဗမာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို တရုတ် စီပွားရေး လုပ်ငန်းရှင်တွေက အသာကလေးနဲ့ လက်ဦးမှုယူ

အမြတ်ထုတ်နိုင်ပါတယ် . . ဒီအရေးကို လွှတ်တော်နဲ့ အစိုးရက ဖင်လှည့်ခေါင်းလှည့် အဆိုတင် ငြင်းခုံ ကော်မရှင်ဖွဲ့နေတာ နဲ့ သုံးလေးနှစ်အတွင်းမှာ တရုတ်တွေက ဗမာ့လယ်မြေတွေကို စုတ်ပြတ်သတ် သွားအောင် လုပ်ပစ်တော့မှာပါ . . သေချာတာကတော့

တရုတ်တွေ လယ်စိုက်ဖို့ လယ်သမားတွေဆီက လယ်တွေ ဝယ်နေတာတော့ မဟုတ်ကြပါဘူး . .

လက်ရှိ ဦးသိန်းစိန်ရဲ့ အစိုးရ နဲ့ ဦးရွှေမန်းရဲ့ လွှတ်တော်ကို ပြောချင်ပါတယ် . . ခင်ဗျားတို့ ပြည်ဖျက်သန်းရွှေကြီးကို သစ္စာရှိရှိ ကာကွယ် အချိန်ဆွဲနေတာ ခင်ဗျားတို့ကိစ္စပါ . . ခင်ဗျားတို့နဲ့ ခင်ဗျားတို့ အဘသန်းရွှေကို ကျနော်တို့ စိတ်မဝင်စားပါဘူး . . ဗမာပြေရဲ့

အရေးကြီးတဲ့ ရာထူးတွေမှာ ခင်ဗျားတို့ အရှက်မရှိနေရာလုထားကြတာ ခင်ဗျားကိုယ်ခင်ဗျားတို့တို့ အမှတ်ရပါ သတိရပါ . . အနည်းဆုံးတော့ ဗမာပြည်ဟာ ခင်ဗျားတို့ ဘိုးဘွားတွေနေခဲ့တဲ့ နေရာဆိုတာ သိပြုပါ . . သန်းရွှေကြီးကို ကာကွယ်လိုဇောနဲ့ ဗမာပြေကို

တရုတ်လက်ထဲထိုးထည့် တရုတ်ကျွန်ဖြစ်သွားအောင် မလုပ်ကြပါနဲ့ . .
 
အေးချမ်းမွန် အင်တာနက်စာမျက်နှာမှ

0 comments: