Tuesday, February 26, 2013

မျက်ရည်ဝဲစရာကောင်းလောက်အောင် ပီတိ



ပီတိ အခမဲ့ဆေးခန်းမှ မျက်ရည်ဝဲစရာ ကောင်းလောက်အောင် ပီတိလည်းဖြစ် သနားစရာလည်း ဖြစ်ရမယ့် မွေးရကျိုးနပ်မယ့် ကလေးတစ်ယောက် အကြောင်း

အများအားဖြင့် မိဘမေတ္တာကိုဘဲ စာဖွဲ့ဖြစ်ကြတာ များပါတယ်။ ခလေးငယ်တို့ရဲ့ မိဘအပေါ် တွယ်တာ မြတ်နိုးမှု့ ကတော့ ထင်သာမြင်သာ မရှိပေမယ့် တွေ့တွေ့နေရပါတယ် အဲ့ဒီအထဲက တစ်ခုပါ ။ မိခင်အပေါ် သိပ်အလိုက်သိရှာတဲ့ ခလေး တစ်ယောက်ပါ ။

ပါတ်ဝန်းကျင် ချစ်အောင်လဲ နေတတ်ပါတယ် ဆေးခန်းကို သူတို့သားအမိ ရောက်လာတိုင်း လမ်းစရိတ်တောင် ပြည့်စုံအောင် ပါမလာနိုင်ပါဘူး ။ လိုအပ်လို့ ပုလင်းချိတ် ရတော့မယ်ဆို အနည်းဆုံး သုံးနာရီလောက် ကြာတတ်ပါတယ် ။ ပုလင်းချိတ်ထားရတဲ့ မိခင်အပေါ့အလေး ကိစ္စကစ ဂရုတစ်စိုက် ပြုစုနေတဲ့ ခလေးကို ပါတ်ဝန်းကျင်က ဘဝတူလူနာတွေ သူနာပြုတွေက သတိထား မိလာတော့ ခလေးကို သနားစိတ် ဝင်လာပြီး ခလေးတွက် မုန့်လေးတွေ အစာပြေစားစရာလေးတွေ တတ်နိုင်သလောက် ပေးကြေ ကျွးကြပါတယ် ။ ဒါပေမယ့် ခလေးအနေနဲ့ သူကိုယ်တိုင် ဆာလောင်နေပေမယ့် သူ့မိခင် နိုးလာတဲ့အထိ ဘယ်လောက်ကြာကြာ စောင့်ဆိုင်းနေပြီး အမေဗိုက်ဆာမှာ စိုးလို့ ဆိုပြီး အမေ့ကို တယုတယခွံ့ကျွေးပြီး ကျန်တဲ့တစ်ဝက်ကိုမှ စားတတ်တဲ့ ခလေးတစ်ယောက်ကို `ပီတိ´အခမဲ့ ဆေးခန်းရဲ့ နေ့ရက်တွေထဲမှာ သတိတယ မှတ်မိနေပါတယ် ။
From:[_ Piti Charity Dispensary _]
(မောင်ကျောက်ခဲ အဖွဲ့)


Copy from - Myawady News

0 comments: