Tuesday, February 12, 2013

ဘိန်းခြံတိုက်ဖျက်နေသည့် တအာင်းတပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့တို့ တိုက်ပွဲဖြစ် မြန်မာတပ်ဖွဲ့ အနည်းဆုံး ငါးဦးကျဆုံး

၁၁ ရက် ဖေဖော်ဝါရီလ ၂၀၁၃ ခုနှစ်။

နမ့်ခမ်းမြို့နယ် အခြေစိုက် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် T.N.L.A တပ်ရင်း (၄၇၈) သည် တပ်ရင်းနယ်မြေအတွင်း ဘိန်းခြံ တိုက်ဖျက်ရေး ဆောင်ရွက်နေစဉ် ၁၁ ရက် ဖေဖော်ဝါရီလ ၂၀၁၃ ခုနှစ် ညနေ ၃း၃၀ နာရီအချိန်တွင် နမ့်ခမ်းမြို့နယ် စယ်နေနှင့် ပန်ဟန်ရွာအကြားရှိ ၀ါနုမ်တောင်ကြော၌ မြန်မာတပ်ဖွဲ့ ခလရ ၁၄၄ နှင့် ၆၇ တပ်ရင်းတို့ ပူးတွဲသည့် စစ်ကြောင်းနှင့် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
P.S.L.F /T.N.L.A တပ်ဖွဲ့ဝင်များ
တအာင်းတပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့တို့သည် ညနေ ၃း၃၀ နာရီခန့်တွင် စတင် ပစ်ခတ်ကြရာ ၅း၃၀ နာရီခန့်တွင် နှစ်ဘက်လုံး ဆုတ်ခွာသွားကြပြီး တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်။ ̏လက်နက်ကြီးတွေနဲ့တအားပစ်တယ်။ ၆၀ မမ တွေ အနည်းဆုံး ၂၀ ကျော် သုံးတယ်။ ကျနော်တို့ ဘက်ကလည်း အာပီဂျီ ၄-၅ လုံးပြန် ပစ်တယ်။ အနည်းဆုံး ၃ လုံးကတော့ သူတို့တပ်ဖွဲ့စု နေတဲ့ ပစ်မှတ်ကိုကျတယ်။ ခုနတုန်းက ရွာသားတွေ ပြောပြတာတော့ ၅ ယောက် သေတယ်လို့ သိရတယ်˝ ဟု တိုက်ပွဲ ဦးဆောင်သည့် တအာင်း တပ်မှူး ပြောပြပါသည်။ တအာင်းတပ်ဖွဲ့အတွင်း ထိခိုက်ကျဆုံးမှုမရှိဟု ထိုတပ်မှူးက ပြောပြသည်။
 
ထိခိုက် ဒါဏ်ရာရရှိသော မြန်မာတပ်ဖွဲ့များကို မိုင်းဝီးဆေးရုံသို့ ပို့ဆောင် သွားသည်ဟု သိရှိရသော်လည်း ထိုဆေးရုံကို ဖုန်းဆက်သော်လည်း ဖြေကြားရန် ငြင်းဆိုခဲ့သည်။ တိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဘက်မှ ထိခိုက်ဒါဏ်ရာရသူ အများအပြား ရှိသည်ဟု လူနာ သယ်ဆောင်စဉ် တွေ့မြင်သည့် ရွာသားများက ပြောပြပါသည်။
 
စယ်နေ - ပန်ဟန် - ၀ါနုမ်တောင်ကြောသည် ပန်ဆေးဒေသနှင့် စပ်ဆက်လျှက်ရှိပြီး ဘိန်းခြံများစွာ စိုက်ပျိုးထားသည်။ မြန်မာစစ်တပ် ရမခ တိုင်းဌာနချုပ် လက်အောက်ခံ ပန်ဆေးပြည်သူ့စစ်၊ နမ့်ခမ်း မြို့မပြည်သူ့စစ်၊ တို့သည် တအာင်း ဒေသထွက် သစ်များခုတ်ပြီး ထိုလမ်းကြောင်းမှ တဆင့် တရုတ်ပြည်သို့ ခိုးသွင်း လျှက်ရှိသည်။
 
ထိုပြင် ဘိန်းစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးရောင်းခြင်းနှင့် မှောင်ခို လုပ်ငန်းအမျိုးမျိုး လုပ်ကိုင်နေကြောင်း သိရှိရပါသည်။
 
သတင်းနှင့်ပြန်ကြားရေးဌာန
တံပ်အွရ်ပ်ုန်လောတ်ကပီုန်တအာင်း - P.S.L.F /T.N.L.A

0 comments: