
ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူက အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကလည်း နောက်ဆုံးပေါ်ကားသစ်တွေ ၀ယ်ဖို့အတွက် ကျပ် ၁၀ ဘီလီယံနဲ့ ဒေါ်လာ ၁၀ သန်းကျော် သုံးခဲ့ပြီး ဖြစ်ကြောင်း၊ သူတို့ လွှတ်တော် အမတ်တွေကတော့ တနေ့ ကျပ် ၅၀၀ ပေးပြီး ဘတ်စ်ကားနဲ့ လွှတ်တော် တက်နေရကြောင်း၊ သူတို့လွှတ်တော်အမတ် ၆၆၀ ကျော်ကို သိန်း ၁၀၀ တန်ကား ၀ယ်ပေးမယ် ဆိုရင်တောင် ကျပ် သန်း ၆ ထောင်ကျော်ပဲ ကုန်မှာ ဖြစ်ကြောင်း နှိုင်းယှဉ် ပြောဆိုပါတယ်။
ဒီအတွက် အစိုးရ ကားဝယ်မယ့် ဘတ်ဂျက်ကို တ၀က်လောက် ဖြတ်တောက် သင့်တယ်ဆိုပြီး သူက မှတ်ချက် ပေးခဲ့ပါတယ်။
Copy from - DVB TV News
0 comments:
Post a Comment