လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝ ဖျက်သိမ်းပေးဖို့အတွက် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီး မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံလူထုရဲ့ လက်မှတ်တွေ ကို ဖေဖေါ်ဝါရီလ ၁၈ ရက် ဒီကနေ့မှာ စတင် စုဆောင်းပြီး ကုလသမဂ္ဂထံ တင်ပြသွားမယ်လို့ သိရပါတယ်။
အဲဒီ လက်မှတ်စုဆောင်းတာကို သီတင်းတစ်ပတ်အတွင်း အပြီး လုပ်ဆောင်သွားမယ်လို့ လက်ပန်းတောင်းတောင် အရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ် ကျောင်းသားများကွန်ရက်မ
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှာ လက်ပန်းတောင်းတောင်ခြေမှာရှိတဲ့
တစ်ချိန်တည်းမှာပဲ လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွဲရာမှာ အစိုးရဖက်က မီးလောင်ဗုံး အသုံးပြုခဲ့ခြင်း ရှိ၊ မရှိကို ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်မှသာ အတိအကျ ပြောနိုင်မယ်လို့ လက်ပန်းတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ လွှတ်တော်ေ ခတ္တရပ်နားချိန်မှာ သတင်းထောက်တွေရဲ့မေးခွန်းကို ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နဲ့ အမေရိကန်ပြည်ထောင်စု အခြေစိုက် Justice Trust အဖွဲ့တွေက သပိတ်စခန်းကို ဖြိုခွဲရာမှာ White Phosphorus ခေါ် မီးလောင်စေတဲ့ မီးစုန်းဖြူပါဝင်တယ်လို့ ထုတ်ပြန်ခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သတင်းထောက်တွေက မေးမြန်းရာမှာ အဲဒီလို ပြန်လည်ဖြေကြားခဲ့တာပါ။
Copy from - RFA Burmese
0 comments:
Post a Comment