Monday, February 4, 2013

လိုင်ဇာခရီးစဉ် ကိုနေမျိုးဇင် သတင်းစာရှင်းလင်း



 
Feb 4, 2013
 

ကိုနေမျိုးဇင် ဦးဆောင်တဲ့အဖွဲ့ ကချင် စစ်ဘေးသင့် ပြည်သူတွေရှိရာ လိုင်ဇာကို သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ဒီကနေ့ မွန်လွဲ ၁ နာရီက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ ၂ နာရီကြာပြုလုပ်တဲ့ ဒီသတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ရေရှည် တည်တံ့နိုင်ဖို့အရေး မြန်မာ့တပ်မတော်အနေနဲ့ ပွင့်လင်းမြင်သာဖို့ လိုအပ်တယ်လို့ ကိုနေမျိုးဇင်က ဆိုပါတယ်။ တဆက်တည်းမှာလည်း ဒီပွဲကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ မွန်အမျိုးသား ဦးမင်းဇေယျာ လည်း ငြိမ်းချမ်းရေးအတွက် လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ထောက်ပြသွားခဲ့ပါတယ်။
 
Copy from - BurmaVJMedia

0 comments: