ဂျပန်နိုင်ငံက လာရောက် ရင်းနှီးမြှုပ်နှံမယ့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲနေတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေနဲ့ ပတ်သက်ပြီး အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဦးကံဇော်က ဖေဖော်ဝါရီ၂၀ ရက်နေ့က တိုကျိုမြို့မှာ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။
ဂျပန် ကုန်သည်ကြီးများအသင်း၊ တိုကျို ကုန်သည်ကြီးများ အသင်းနဲ့ ဂျက်ထရိုလို့ ခေါ်တဲ့ ဂျပန် ပြည်ပ ကုန်သွယ်ရေးအဖွဲ့တို့က ဦးဆောင် ပြုလုပ်ခဲ့တာပါ။
မြန်မာစကား တတ်ကျွမ်းတဲ့ ဂျပန်လူမျိုး မစ္စတာခုဒိုစံ (ခ) ကိုကိုအေးနိုင်ကို မေးမြန်း ထားပါတယ်။ အသံဖိုင်မှာ နားဆင်ရန်
မြန်မာဝန်ကြီးက မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်ရေးအတွက် ပူးပေါင်းရေးဆောင်ရွက်ရာမှာ ဘဏ္ဍာရေးနည်းပညာ၊ လူသားအရင်းအမြစ်တွေ မြင့်မားတဲ့ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဇုန် အသစ်တွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို ရှင်းလင်းတင်ပြဖို့ ဖိတ်ခေါ်တာလို့ ဂျပန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
မြန်မာဝန်ကြီး ဦးကံဇော်၊ ဂျပန်နိုင်ငံ စက်မှုနဲ့ ကုန်သွယ်ရေးအသင်းဥက္ကဋ္ဌ တာဒါရှိ အိုကာမူရာနဲ့ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးလေ့လာမှုဘုတ်အဖွဲ့ဥက္ကဋ္ဌ မစ္စတာ ကိုဟီဝါတာနာ ဘေတို့ဟာ တိုကျိုမှာ တွေ့ဆုံပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအပေါ် အမြင်ချင်း ဖလှယ်ကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက စီးပွားရေးအခြေအနေတွေနဲ့ အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး ဆွေးနွေးကြတယ်လို့ ဂျပန်နိုင်ငံ စက်မှုနဲ့ ကုန်သွယ်ရေးအသင်းက သတင်း ထုတ်ပြန်ပါတယ်။ ၂၀၁၂ ခု နိုဝင်ဘာလမှာ ပထမအကြိမ် ပြုလုပ်ခဲ့ပြီး အခုအကြိမ်က ဒုတိယ အကြိမ်မြောက် ဖြစ်ပြီး ဂျပန်စီးပွားရေး
လုပ်ငန်ရှင် ၂၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။
လုပ်ငန်ရှင် ၂၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။
ဂျပန်နိုင်ငံက ပြည်ပ ကုန်သွယ်ရေးအဖွဲ့ (Japan External Trade Organization) ရဲ့ အကြီးတန်းသုတေသနမှူး မစ္စတာ ခုဒိုစံက မြန်မာပြည်မှာ ဂျပန်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှု အလုံးအရင်းနဲ့ ဝင်ရောက်တာထက်စာရင် လေ့လာ နေကြရတဲ့အဆင့်သာ ရှိသေးတယ်လို့ ပြောပါတယ်။
သတင်းရင်းမြစ် - ဒီဗွီဘီ
0 comments:
Post a Comment