Sunday, February 3, 2013

ကျည်ဆံများအစား ပန်းများပွင့်စေ


 
သံစဉ်၊ တီးခတ်၊ အသံသွင်း ၀င်းကျော်(GTX) ] ဟာမိုနီ ဘေ့စ် မြတ်မိုး (Pro)၊ ရေး/ဆို နေမျိုးဇင်
 
ပြည်တွင်းစစ်များ ငြိမ်းအေးပြီး ကျည်ဆံများအစား ပန်းများ ပွင့်ဝေပါစေကြောင်း ကချင်ပြည်နယ် လိုင်ဇာသို့ ကိုယ်တိုင် သွားရောက်ခဲ့စဉ်က တိုင်းရင်းသား စစ်ဘေးသင့်သူများကို ကြင်နာသော ခံစားမှုဖြင့် အသွားလမ်းပေါ်တွင် ရေးသားခဲ့သော သီချင်းဖြစ်ပါသည်။
 
ပြည်သူတွေက တောင့်တလှပြီ သာကြည်မျှတ လွတ်လပ်ဘ၀တွေ လုံခြုံစိတ်ချ လူမှုဘ၀ အထွေထွေ ညီနောင်အချင်းချင်း စစ်မခင်းကြနဲ့လေ။ မတူတာချပြ ဆွေးနွေးကြလေ။ လူလူချင်းပဲ ဥာဏ်အလင်း မကွင်းပေ။ ကျည်ဆံတွေအစား ပန်းများပွင့်ဝေ၊ ငိုသံတွေအစား အပြုံးများတင့်ပါစေ။

ဟေး ဟေ့ ပြည်တွင်းစစ်ကြီးရေ ရပ်ပါတော့။ ဟေ့ဟေ့ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်စေ၊ ဟေ့ဟေ ပြည်တွင်းစစ်ပွဲတွေ ရပ်ပါတော့။ ဟေ့ဟေ ပြည်ထောင်စုကြီး သာယာ အဓွန့်ရှည်။ ............. ကြင်နာမငဲ့ လက်နက်ဖက်ပြိုင် နိုင်အောင်ခင်းစစ် အချင်းချင်း အပြစ်ချွေ ရှည်ကြာခဲ့ရ ရာစုနှစ်ဝက်လေ။ သံသရာ အကျိုးက မွဲကျဘ၀တွေ။ နိုင်လိုမင်းထက် အမုန်းစစ်ပွဲတွေ၊ သံသရာထပ်ကျော့ မဆုံးတတ်ကြပေ။ ကျည်ဆံတွေ အစား ပန်းများပွင့်စေ၊ ငိုသံတွေအစား အပြုံးများ တင့်ပါစေ။ ဟေး ဟေ့ ပြည်တွင်းစစ်ကြီးရေ ရပ်ပါတော့။ ဟေ့ဟေ့ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်စေ၊ ဟေ့ဟေ ပြည်တွင်းစစ်ပွဲတွေ ရပ်ပါတော့။

ဟေ့ဟေ ပြည်ထောင်စုကြီး သာယာ အဓွန့်ရှည်။....................အမုန်းမာန်တွေအစား အပြုံးဟန်တွေထား၊ နှလုံးသားလှတဲ့ လူသားစိတ် ဒို့ပြမယ်လေ။ ဗုံးဆံတွေအစား ကျောင်းကန်ဇရပ်များ အစားတိုး တည်ဆောက်ကြလို့ နိုင်ငံသစ်တည်ကြမယ်။ ကျည်ဆံတွေအစား ပန်းများပွင့်စေ............... ကျည်ဆံတွေအစား ပန်းများပွင့်စေ........ ကျည်ဆံတွေအစား ပန်းများပွင့်စေ........... ကျည်ဆံတွေအစား ပန်းများပွင့်စေ ဟေး ဟေ့ ပြည်တွင်းစစ်ကြီးရေ ရပ်ပါတော့။ ဟေ့ဟေ့ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်စေ၊ ဟေ့ဟေ ပြည်တွင်းစစ်ပွဲတွေ ရပ်ပါတော့။ ဟေ့ဟေ ပြည်ထောင်စုကြီး သာယာ အဓွန့်ရှည်။
 
ကိုနေမျိုးဇင် အင်တာနက်စာမျက်နှာမှ

0 comments: