လက်ရှိကာချုပ် မင်းအောင်လှိုင်ကို အရင်တပ်ချုပ် အသိုင်းအဝိုင်းမှ မလိုလားဟန်စကားများ ထွက်ပေါ်လာပြီးနောက်မှာ ဒီသတင်း ဆက်ထွက်လာတာ ဖြစ်ပါတယ် ၊ လက်ရှိကာချုပ် မင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွတ်သဘော တွေ့ဖို့ ကြိုးစားနေပါတယ် ၊ လွှတ်တော် ဥက္ကဌဦးရွှေမန်းက ကြားဝင် စီစဉ်ပေးတာဖြစ်ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်လည်း အဲဒီတွေ့ဆုံမှုမှာ ပါဝင်နိုင်ဖွယ် ရှိပါတယ် ၊ လက်ရှိအချိန်မှာ ဒီသတင်းဟာ တီးတိုးအဆင့်ပဲ ရှိပါသေးတယ် ၊ ဒီသတင်းသာ သေချာမယ်ဆိုရင် စစ်တပ် အတွင်းသာမက ကြံ့ခိုင်ရေး ပါတီအတွင်းမှာပါ ရိုက်ခတ်မှုများ ရှိလာနိုင်ပါတယ် ၊ ပြည်သူပြည်သား အားလုံးအတွက် ဝမ်းသာရမယ့် သတင်းပါပဲ ၊ တွေ့ဆုံမည့်ရက် နဲ့ နေရာကိုတော့ မညှိနှိုင်း ရသေးဘူးလို့ သိရပါတယ် ...
Monday, February 18, 2013
ကာချုပ်မင်းအောင်လှိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် ကြိုးစားနေသည်ဟု သိရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment