မုံရွာ ၊ဖေဖော်ဝါရီ ။ ၇
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ လက်အောက်ခံ ဌာနအသီးသီးတွင်း ဒေသခံပြည်သူလူထုစိတ် ၀န်ထုပ်ဖြစ်စေနိုင်သော အကျင့်ပျက် လာဘ်စားမှုများအကြောင်း သတင်းမီဒီယာများက ရေးသား တင်ပြကြသော်လည်း တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး ဆိုသူမှ အရေးယူ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ၀န်ထမ်းများ လေ့လာစောင့်ကြည့်ရေး ကွန် ယက် အဖွဲ့မှ တာဝန်ခံ ဒေါက်တာ ဦးသီဟစိုး မှပြောပါတယ်။
“ အကျင့်ပျက် ၀န်ထမ်းတွေကို ဖော်ထုတ်ပေးတဲ့သူက ဖော်ထုတ်ပေးနေပါပြီ။ အရေးယူ ဆောင်ရွက်ရမဲ့တာဝန်က အစိုးရအဖွဲ့မှာ တာဝန် အပြည့်ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြီး MONYWA TIMES သတင်းဌာနကို ပြောပြပါတယ်။
အဆိုပါ တိုင်းဒေသကြီးအတွင်း အကျင့်ပျက်ဝ န်ထမ်းများနှင့်ပတ်သက်၍ ရေးသား ဖော်ပြကျရာတွင် ကလေးဝမြို့ မြန်မာနိုင် ငံရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် ကျော်ခိုင် ဆိုသူမှ မူးယစ်ဆေးဝါးေ ရာင်းဝယ် ဖောက်ကားနေသဖြင့် ဒေသခံအထက်တန်းကျောင်း သားအချို့ စာရိတ္တများ ပျက်ယွင်းကာ ကျောင်းသားမိဘများ စိုးရိမ်ပူပန်နေရကြောင်း သတင်းများ ရေးသားခဲ့သော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း ယင်းဒေသခံ ကလေးဝမြို့ခံများက ပြောပါတယ်။
၂၀၁၂ ခုနှစ်ကာလအတွင်း အကျင့်ပျက်ရဲ ၀န်ထမ်းများနှင့်ပတ
်သက်၍ ရေးသား ဖော်ပြကြရာတွင် မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှုး ဒုရဲမှုး ဦးကြူအင်း(ယခုလက်ရှိ ရဲမှုး)ဆိုသူမှ မြို့ပေါ်ရှိ ကေတီဗွီ၊နှင့် အနှိပ်ခန်းများထံမှ ငွေကြေး ကောက်ခံတောင်းယူခြင်း၊ ယင်းကဲသို့ တောင်းယူရာတွင် စက်မှုဇုန် ဥက္ကဌ ဦးကျော်ဆန်းဝင်း(ယခုအခေါ် ရပ်ကွက် အုပ်ချုပ်ရေးမှုး)မှ တာဝန်ခံ ကောက်ခံ တောင်ယူပေးခဲ့ခြင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ အရဖြစ်စေ၊ ရဲလက်စွဲ လုပ်ထုံး လုပ်နည်းအရဖြစ်စေ၊ ရာဇသတ်ကြီး ဥပဒေ များရဖြစ်စေ လျော်ကန်ခြင်း မရှိသော နွားဖမ်းဆီးခဲ့မှုတွင် အရေးယူ ဆောင်ရွက်ခဲ့ခြင်းမရှိကြေ
ာင်း၊ သစ်တောရေးရာအရ တရား မ၀င် သစ်ထုတ်ယူမှုများအား တင်ပြသော
်လည်း ဦးမြဇော်၏ သသစ်များအား အရေးယူ
ဆောင်ရွက်မှုမရှိပဲ ပြန်လည် ပေးအပ်ခြင်း၊ မုံရွာ အမှတ်(၂)ရဲစခန်းမှ ရဲဝန်ထမ်ဒုတပ်ကြပ် ဦးမြတ်ထူး၏ ငွေကြေး ကောက်ခံမှုအား အရေးမယူခြင်
း၊ ကနီမြို့ နယ် ၀င်မနားရဲစခန်းမှုး ရဲအုပ် ဦးဝင်းဟန်မှ ဘုမ္မဇင် ကျေးရွာခံ ငါးဖမ်းမှုတွင် တစ်ယောက်လျင် ငါးသောင်းကျပ် တောင်းခံခြင်း၊ ခင်ဦး မြို့နယ်အုပ်ရေးမှုး မှ နိုင်ငံတော်သမ္မတကြီ ခရီးစဉ်အတွက် ဧည့်ခံစရိတ်အား ဒေသတွင်ဝန်ထမ်းများ ကောက်ခံ တောင်းယူခြင်း၊ ဆေရုံများရှိ ဆရာဝန်များ အကျင့်ပျက်ခြစားမှုအပေါ် အရေးယူ ဆောင်ရွက်ပေးမှုမရှိခြင်း၊
တိုင်းတရားရေး လွှတ်တော် တရာသူကြီးချုပ် ဦးဆန်းကို၏ လူမှုရေးဖောက်ပြန်မှုများနှင့်ဝန်
ထမ်းအပေါ် အဂတိ လာဘ်ယူနေမှုများ စသည့် ကိစ္စရပ်များကို လူသိရှင်ကြား အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသည်
့အခြေအနေ တစ်ရပ်မှာ ပြည်သူလူထုမှ အထူးစိတ်ပျက် နေရခြင်းဖြစ်ကြောင်း သိရပါတယ်..။
“ အစိုးရအဖွဲ့အနေနဲ့ အရေးယူကိုင်တွယ်ဖို့ အခက်အခဲတွေရှိနေရပါတယ်..။ ဘာကြောင့်လဲဆိုတော့ ၀န်ကြီးချုပ်ကို အလိုမရှိ ကြောင်းဆန္ဒထုတ်ဖော်ပြသလာမှု အခြေအနေတွေက ပြီးခဲ့တဲ့နှစ်ထဲမှာ အချို့ရှိလာတာကြောင့် ငါမပြုတ်ရင်ပြီးတာ ပဲ..သူတို့ဘာသာဘာလုပ်လုပ်ဆိုပြီး ၀န်ကြီးချုပ်က ခံယူထားပုံရှိကြောင်း” ၎င်းက စွပ်စွဲထားပြန်ပါတယ်..။
သို့သော်လည်း မော်လိုက်မြို့ခံဝန်ထမ်းများနဲ့ ကသာဒေခံဝန်ထမ်းများ စုပေါင်းပြီး ဆန္ဒပြဖို့လည်းအစီအစဉ်ရှိကြောင်းကိုလည်း ၎င်းက ဆိုပါတယ်။ ၀န်ကြီးချုပ်၏ သမီးတင်သွင်လျက်ရှိတဲ့ လောင်စာဆီကိစ္စ၊ ကြေးနီမိုင်းဆောက်လုပ်ရေးကန်ထရိုက်ကိစ္စနဲ့ ကလေးမြို့နယ် အင်ဒိုင်းလေးကျေးရွာအနီ ဘိလပ်မြေစက်ရုံ တည်ဆောက်မဲ့ကိစ္စနဲ့ပတ်သက်လို့ ထုတ်ဖော်ပြာဆိုဖို့ အချိန် စောလွန်းသေးကြောင်း ၎င်းကဆိုပါတယ်..။
“ ၀န်ကြီးချုပ်ကိုယ်တိုင်က အရေးယူဆောင်ရွက်လိုတဲ့ ဆန္ဒတွေရှိမှာပါ ..ဒါပေမဲ့ ကိုင်တွယ်လိုက်ရင် ပြန်ပြီးပတ်လာမဲ့ အခြေအနေတွေကို ချင့်ချိန်ပုံရပါရဲ့”လို့ ဝေဖန်ပြောဆိုလျက်ရှိကြောင်း တင်ပြပေးလိုက်ရပါတယ်..။
တိုင်းထူးဇော်(စစ်ကိုင်းတိုင်း သတင်းတာဝန်ခံ ခေတ္တ ကလေးမြို့)
Monywa အင်တာနက်သတင်းစာမျက်နှာမှ
0 comments:
Post a Comment