Monday, February 4, 2013

အဖွဲ့ ဝင် ၁၄၀ ကျော်ပါဝင်သော ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ

 
တိုကျို၊ ဖေဖေါ်ဝါရီ ၄ ။
 
မြန်မာသို့ လာရောက်သမျှတွင် အကြီးဆုံးဖြစ်သော ဂျပန်၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် ကိုင်ဒန်ရန် Keidanren အမည်ရ အဖွဲ့တစ်ဖွဲ့သည် ယနေ့ တနင်္လာနေ့မှ စ၍ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများ ဆွေးနွေးရန် ခရီးထွက်ခွာသွားကြောင်း သိရသည်။

ဂျပန်စီးပွားရေး လုပ်ငန်းအသင်းချုပ် Japan Business Federation ၏ ဥက္ကဌဋ္ဌ ဟီရိုမာဆာ ယိုနီကူရာက ယင်းအဖွဲ့ကို ခေါင်းဆောင်မည်ဖြစ်ပြီး မြန်မာနှင့် ကမ္ဘေဒီးယားမှ အဆင့်မြင့် အရာရှိကြီးများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ဂျပန်ကုမ္ပဏီများအတွက် အခွင့်အလမ်းများ ရလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

ဂျပန်စီးပွားရေး လုပ်ငန်းအသင်းချုပ်သည် မြန်မာတွင် အစိုးရနှင့် တရားဝင်ရင်းနှီးမြုပ်နှံမှု စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးပြီး နိုင်ငံတွင်း၌ ဂျပန် ကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းများကို ကာကွယ်ပေးနီုင်မည်ဟု မျှော်လင့်ထားသည်။ ထို့ အပြင် အဖွဲ့ချုပ်သည် ဂျပန်ကုမ္ပဏီများ၏ လုပ်ငန်း လုပ်ကိုင်မှုများကို ပိတ်ပင်ထားသည့် ဥပဒေတချို့ ဖြေလျှော့ပေးရေးနှင့် တိုင်းပြည်၏ အခြေခံ အဆောက်အအုံ
ဖွံဖြိုးရေးအတွက် စီမံကိန်းများ တင်ပြသွားမည်ဟု သိရသည်။

ယခု ဂျပန်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ သည် ဂျပန်စီးပွားရေး လုပ်ငန်းအသင်းချုပ်၏ ထိပ်တန်း အဖွဲ့ ဝင် ၂၀ အပါအဝင် လိုက်ပါသူအဖွဲ့ဝင် ပေါင်း ၁၄၀ ရှိပြီး မြန်မာသို့ လာရောက်
သမျှတွင် အကြီှးဆုံးကိုယ်စားလှယ် အဖွဲ့ ဖြစ်သည်ဟု သိရသည်။
Xinhua
 
သတင်းရင်းမြစ် - မြန်မာ့ခေတ်သတင်း

0 comments: