
ရန်ကုန်၊ ဖေဖော်ဝါရီ ၂။
ဧရာဝတီ စာပေပွဲတော် ဒုတိယမြောက်ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်များအနေဖြင့် စာဖက်အား များမှသာလျှင် စဉ်စားဆင်ခြင်မှု မြင့်လာနိုင်ပြီး တိုင်းပြည် အနဂါတ် အတွက် ကောင်းလိမ့်မည်ဟု ယုံကြည်ကြောင်း တိုက်တွန်း ပြောဆိုလိုက်သည်။
စာပေ သင်ယူမှု၊စာပေ ဖတ်ရှုလေ့လာမှုတို့တွင် အလွတ်ကျတ်မှတ်သည့် စနစ်ကို ဆိုညွှန်းခြင်း မဟုတ်ဘဲ အကြောင်းအရာများကို စဉ်းစား တွေးခေါ်နိုင်စေရန် ဖြစ်ကြောင်း သိရသည်။
"ကျွန်မ ဘဝမှာ စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတယ်။ ကျွန်မ ဖတ်ခဲ့တဲ့ စာအုပ်တွေက အတွေးအခေါ်တွေဟာ အများကြီး အကူအညီ ပေးခဲ့တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ဖြတ်သန်း လာမှုအား ပြောကြားသည်။
လူငယ်များ အနေဖြင့် စာပေ အကျိုးကျေးဇူးကြောင့် ဘဝ၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်
"ကိုယ်နဲ့မတူတဲ့ တွေးပုံတွေး နည်းတွေ၊ ယဉ်ကျေးမှုတွေကို တန်ဖိုးထားတက်မှ အဲဒီဟာတွေကို ကြိုးစားတက်မှ ကျွန်မတို့ နိုင်ငံ တိုးတက်မှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
စူးရှ
Copy from : The Myanma Age
0 comments:
Post a Comment