“ဂျပန်တောင်းပန်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလားဟု youtube တွင် ဗီဒီယိုဖိုင်တင်၍ မေးခဲ့သည့် ဂျပန်လူငယ်”
ဂျပန်တယောက်က ဒေါ်အောင်ဆန်းစုကြည်ကို Youtube က တဆင့် စကားပြောထားပါတယ်။ သူ့နာမည်က ယူဂျိရို တာနိယာမ။ သူက တိုကျို တက္ကသိုလ်မှာ စီးပွားရေး စီးပွားရေးပညာ သင်ယူနေကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ ခေါင်းဆောင် တယော
စနေနေ့က အွန်လိုင်းရောက်လာတဲ့ ဗီဒီယိုထဲမှာ သူပြောထားတာက -
ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယား ရောက်တုန်းက ဒုတိယကမ္ဘာစစ် အတွင်းက မြန်မာနိုင်ငံအပေါ် ကျူးလွန်
ပြောခဲ့တယ်လို့ တောင်ကိုရီးယား သတင်းစာက သတင်းရေးပါတယ်တဲ့။
ဒီလိုတကယ်ပဲ ပြောခဲ့ပါသလားတဲ့။ ဒီလိုတကယ်ပဲ ပြောခဲ့တယ်ဆိုရင် သူ့အနေနဲ့ အတော်လေး စိတ်ပျက် မိပါတယ်တဲ့။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမတိုင်ခင်က ဘီဘီစီနဲ့ အင်တာဗျူး တခုမှာ မြန်မာ့တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်းက တည်ထောင်ခဲ့လို့ တပ်မတော်ကို သံယောဇဉ် ရှိပါတယ်လို့ ပြောခဲ့တယ်။ ဒီတပ်မတော်ဖြစ် လာဖို့က ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ရဲဘော်သုံးကျိပ်နဲ့ စခဲ့သလို အဲ့ဒီရဲဘော် သုံးကျိပ်ကို ကူညီခဲ့တာ ဂျပန်တွေပါတဲ့။
အဲ့ဒီတုန်းက ၄ နှစ်တာ ကာလ ဂျပန်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်တို့ လက်တွဲလို့ ဂျပန်-မြန်မာ ချစ်ကြည်ရေး ဖြစ်ခဲ့ပါတယ်လို့ ဆိုပြီး ဂျပန်စစ်တပ် အကူညီနဲ့ ဗမာ့တပ်မတော် ဖြစ်လာပုံ၊ လွတ်လပ်ရေးအတွက် ဂျပန်-မြန်မာ အတူ တိုက်ပွဲဝင်ရင်း ရန်ကုန်ကို ပြန်သိမ်းပိုက်နိုင်ခဲ့ပုံတွေကို ရှင်းပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လေးစား မြတ်နိုးပါတယ်ဆိုတဲ
အခုတော့ တောင်ကိုးရီးယား ရောက်တုန်း အဲ့ဒီတုန်းက ဂျပန်စစ်တပ်ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ပြောလိုက်တာဟာ အဲ့ဒီတုန်းက ဗမာ့တပ်မတော် ဖြစ်လာဖို့ ဂျပန်စစ်တပ်ကို အကူအညီ တောင်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ပုဒ်ကို ဆွဲချသလို ဖြစ်မနေဘူးလားလို
ပြီးတော့ အဲ့ဒီတုန်းက ဖြစ်တည်ခဲ့တဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေးကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ် မပြုလို့ ကိုရီးယားသတင်းစာကို အခုလို ပြောခဲ့တာလားဆိုတာကို သူ့အနေနဲ့ သိချင်ပါတယ် စသဖြင့်ဒီ ၁၀ မိနစ်နီးပါးစာ ဗီဒီယိုထဲကနေ သူက မေးခွန်း ထုတ်ထားပါတယ်။
သူ့အကြောင်းကို သူ့အွန်လိုင်း yujirotaniyama.com/profile.html မှာလည်း တွေ့နိုင်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံအပေါ်ကျူးလွန်ခဲ့မှုတွေအတွက် ဂျပန်နိုင်ငံက လူသိရှင်ကြား ပြန်တောင်းပန်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တယ် ဆိုပြီး တောင်ကိုရီးယား မီဒီယာတခုမှာ ရေးထားခဲ့ခြင်း ရှိမရှိ သေချာ မသိရသေးပါ။စိတ်ဝင်စားစရာ အကြောင်းအရာတခုဖြစ်လို့ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
Copy from - irrawaddy
0 comments:
Post a Comment