Monday, February 4, 2013

တိုကျိုတွင် ကျင်းပပြုလုပ်သည့် (၅၂)နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား

၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ(၃)ရက်။
 
(၅၂)နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဂျပန်နိုင်ငံရောက် ကချင်အမျိုးသားအစည်းအရုံး KNO-Japan မှ ဦးစီး၍ တိုကျို Takadanobaba အရပ်ရှိ Nishi Waseda , Avaco Hoshien( Liberty Hall)မှာ ယနေ့ ညနေ ၅း၀၀ နာရီမှ ၈း၀၀ နာရီအထိ ကျင်းပခဲ့ကြပါသည်။
 
 
 
အခမ်းအနားအစီအစဉ်မှာ (၅၂)နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရမှ ကချင်လူမျိုးများအား လူမျိုးသုန်း မျိုးဖြုတ် ထိုးစစ်ဆင် တိုက်ခိုက်နေမှုကြောင့် အပြစ်မဲ့ ကချင်ပြည်သူများတို့ ဆင်းရဲဒုက္ခရောက် နေကြရသည့် အခြေအနေများတို့ကို ကိုယ်တိုင်ကိုယ်ကြ သွားရောက်ရိုက်ကူးပြီး ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသွားသလို လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများ ပိုမိုထင်ဟပ်ပေါ်လွင်စေရန်အတွက် ပြဇတ်ကကွက် တင်ဆက်သည့် အစီအစဉ်ကိုပါ တင်ဆက် ကပြသွားခဲ့ကြကြောင်း သိရှိရပါသည်။
 
မိုင်းကျော်ဦး

0 comments: