

နိင်ငံတော်နဲ့နိင်ငံသားပိုင် မြေယာ တောတောင်တွေကို တရုတ်အမျိုးသားပိုင်မြေဆိုတဲ့ စည်းတွေတား ၊ပြည်သူ့ရဲဝန်ထမ်းတွေက လက်နက်တွေကိုင် တားဆီး ကာကွယ်နေတာနဲ့
ကိုယ်မြေ ကိုယ်ရေ ကိုယ်နိင်ငံ တောတောင်တွေအတွက် ဒေသခံ တောင်သူလယ်သူမတွေ လက်နက်မဲ့ လက်ချင်း ချိတ်ဆက် ယန္တယား ကားတွေ ကျိတ်ချင်ကျိတ်ဆိုတဲ့ စိတ်သတ္တိတွေနဲ့ တားဆီးနေတာ ယှဉ်မြင်ရတာ ရင်နာမိတယ်။
... တားဆီးနေရတဲ့ ပြည်သူ့ရဲဝန်ထမ်းတွေက ရာထူးနဲ့ လစာ နေရာမပျောက်ဖို့ သက်သက် အထက်က အမိန့်တွေကြောင့်ပါဆိုပြီး ကြောက်စိတ်တွေနဲ့ တားနေချိန်မှာ.......
တားဆီးခဲ့တဲ့ အမေကြီး တစ်ယောက်ကပြောတယ်။ကားကြီးတွေက အကြီးကြီးတွေ။လက်ချင်းချိတ်ပြီး
ကြောက်စိတ်တွေနဲ့ တားသူတွေချင်းတူတူ.............

၂၉.၁၁.၂၀၁၂ ရက်နေ့ တန်ဆောင်မုန်းလပြည့် ကျော်(၁)ရက်နေ့ မနက် လင်းအားကြီးချိန်မှာ အကြမ်းဖတ် ဖြိုခွဲခံခဲ့ရတဲ့ လက်ပံတောင်းတောင်ဒေသခံတွေကတော့ ဒေါ်စုကို ယုံပေမဲ့ ထွက်လာမဲ့ အစီရင်ခံစာကို သူတို့ဒေသခံတွေက အြ ကမ်းဖတ်ခံရလို့ဆိုပြီး ကြောက်စိတ်နဲ့ စောင့်နေမှာမဟုတ်ဘူး။
ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လို့ အချိန်ပေးထားတာသာဖြစ်ပြီး လိုအပ်ရင် ဘ၀အသက်တွေ ပေးဖို့ အသင့်ရှိတယ်ဆိုတာ သက်ဆိုင်ရာက သိစေဖို့ ၁၂.၁၂.၂၀၁၂ မှာပဲ လက်ပံတောင်းတောင်ဒေသ တုံရွာ ထိပ်မှာ သပိတ်စခန်းဖွင့် သူတို့ အရာရာကို မေ့မနေဘူးဆိုတာ ပြနေကြလေရဲ့။
၁၂.၂.၂၀၁၃ မှာ သပိတ်စခန်း(၂)လပြည့်နဲ့ ပြည်ထောင်စုနေ့မှာ....ပြည်ထောင်စု စိတ်ဓာတ်နဲ့ နိင်ငံနဲ့
နိုင်ငံသား အခွင့်အရေးတွေအတွက် အသင့်ရှိကြောင်းကို...
၂၉ ရက်နေ့ အကြမ်းဖတ်သူတွေကို အရေးယူဖို့...လက်ပံတောင်းအရေး အမှုဖွင့် တရားစွဲ ၀ရမ်း ထုတ်ခံ ရသူတွေကို ချွင်းချက်မရှိ ပြန်လွှတ်ဖို့...
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုံးဝဖျတ်သိမ်းဖို့ ...
လက်ပံတောင်းပျောက်ရင် ချင်းတွင်းပျောက်မယ်ဆိုတာ သိစေဖို့ တုံရွာ သပိတ်ကနေ ညောင်ပင်ကြီး ချင်းတွင်းမြစ်ဆိပ်ထိ လမ်းလျှောက် ချီတက် တောင်းဆိုပွဲတွေ လုပ်ရင်း အစိုးရအနေနဲ့ ပြည်သူ့ဆန္ဒနဲ့ ပြည်သူ့ဘ၀ကို ဘယ်လောက် ဖြည့်ဆည်း...ပြည်သူလူထုနဲ့ တစ်သားတည်း အနာဂါတ်ဒီမိုကရေစီ ခရီးကို သွားနိင်မလဲဆိုတာ...ဘ၀နဲ့ ရင်းပြီး ပြနေခဲ့ကြတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပြီးသက်အစီရင်ခံစာ ဖေဖော်ဝါရီလကုန် ကြားကာလ (၁၂)ရက်သာ ရှိတော့တယ်။လက်ပံတောင်းတောင် ဒေသခံတွေက သူတို့နဲ့အတူ အစီရင်ခံစာကို လက်ပံတောင်း ဒေသမှာ နိင်ငံအနှံ့က ပြည်သူလူထုတွေနဲ့ ပြင်ဆင် စောင့်ကြည့်ဖို့ နဲ့.... အစီရင်ခံစာ ဆုံးဖြတ်ချက် တွေအပေါ် အခြေခံပြီး ဆုံးဖြတ်ချက်တွေ တူယှဉ်ချမှတ်နိင်ဖို့... မနက်ဖြန် ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နေ့လည် (၁)နာရီမှာ ဆည်တည်းကျေးရွာ မှာ လူထုဆွေးနွေးပွဲကြီးကို ပါဝင်ပူးပေါင်းဖို့ ဖိတ်ခေါ်လိုက်တယ်ဆိုတာ ကြားသိရပါတယ်။
ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်
ကိုထွန်းဝေ အင်တာနက်စာမျက်နှာမှ
0 comments:
Post a Comment