Friday, February 22, 2013

ရေထု ညစ်ညမ်းသည့် မြစ်အတွင်း ရေကူးပါက ဆုငွေ ချီးမြှင့်မည်ဟု တရုတ် နိုင်ငံတွင် ပြည်သူ နှစ်ဦးက အင်တာနက် ပေါ်တွင် စိန်ခေါ်ခဲ့

 
တရုတ်နိုင်ငံ အတွင်း ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဆိုးရွားစွာ ဖြစ်ပေါ်လျက် ရှိသည်ကို ပေါ်လွင်စေရန် အတွက် နိုင်ငံ အတွင်းရှိ ဒေသနှစ်ခုမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အရာရှိ နှစ်ဦးကို အမှိုက် သရိုက်များ ပြည့်နှက်လျက်ရှိသည့် ညစ်ညမ်းသော မြစ်အတွင်း၌ ရေကူးပြပါက ငွေသားဆု ချီးမြှင့် သွားမည် ဖြစ်ကြောင်း ၎င်းဒေသရှိ ဒေသခံများက အင်တာနက်မှ တစ်ဆင့် စိန်ခေါ်မှုများ ပြုလုပ် ထားသည်ဟု သိရ သည်။

ရွိအန်းမြို့ အရှေ့ပိုင်းရှိ အမှိုက်များနှင့် ပြည့်နှက်နေသော မြစ်ကို ရိုက်ကူး ထားသည့် ဓာတ်ပုံကို တရုတ် နိုင်ငံ မှ စီးပွားရေး လုပ်ငန်းရှင် ကျင်းကျန်းမင်က ဖေဖော်ဝါရီ ၉ ရက်တွင် အင်တာနက် ပေါ်၌ တင်ထားခဲ့ပြီး ၎င်းဒေသရှိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနမှ အကြီးအကဲ တစ်ဦးကို ၎င်းမြစ်ထဲတွင် ရေကူးရန် နှင့် ကူးခတ် နိုင်ပါက ငွေသားဆုငွေ ယွမ် ၂ဝဝဝဝဝ (အမေရိကန် ဒေါ်လာ ၃၂ဝဝဝ) ချီးမြှင့်မည်ဟု အင်တာနက် ပေါ်တွင် စိန်ခေါ် ခဲ့ကြောင်း သိရသည်။

အလားတူပင် အဆိုပါမြို့ အနီးရှိ ခရိုင် တစ်ခုမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာန အကြီးအကဲ တစ်ဦး ကိုလည်း အမှိုက် သရိုက်များ ပြည့်နှက် နေသော မြစ်အတွင်း ရေ ကူး ရန်နှင့် ကူးခတ် နိုင်ပါက ငွေသားဆုငွေ ယွမ် ၃ဝဝဝဝဝ (အမေရိကန် ဒေါ်လာ ၄၈ဝဝဝ) ချီးမြှင့်မည်ဟု အမည် မဖော်လိုသူ
တစ်ဦးက ဖေဖော်ဝါရီ ၁၉ ရက်တွင် အင်တာနက်မှ တစ်ဆင့် ထပ်မံ စိန်ခေါ် ခဲ့ကြောင်း သိရသည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနမှ အကြီးအကဲ များအား ပြည်သူများက ယခုကဲ့သို့ စိန်ခေါ်မှု ပြုလုပ်ခြင်းကို အစိုးရ အနေဖြင့် ကြိုဆိုကြောင်း ရွိအန်းမြို့ အာဏာပိုင် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

သတင်းရင်းမြစ် - မြဝတီ

0 comments: