Friday, February 8, 2013

ဗွီဒီယို ဂိမ်းက သင့်ကလေးကို ဖျက်ဆီးနေသည်။ အမြန်ကယ်တင်ပါ။

ဗွီဒီယိုဂိန်း ကြောင့်သင်ကလေး ပျက်စီးနေပြီ အမြန်ကယ်တင်ပါ။
သင့်ကြောင့် သင့်ကလေး ဗွီဒီယို ဂိန်းမစွဲပါစေနှင့်။ ဗွီဒီယိုဂိန်းများကြောင့် သင့်ကလေး ဖြစ်လာနိင်သည့် ဆိုးကျိုး အလားအလာများကို လူမှုရေး သုတေသီများက သတိပေးလာနေပြီ ဖြစ်ပါတယ်။

၁။ အဒမ်လန်ဆာ လို လူသတ်သမား လေးဖြစ်လာနိင်တယ်။ ဗွီဒီယိုဂိမ်းများကြောင့် ကလေးတွေ ဒေါသ ပေါက်ကွဲတတ်လာတယ်။ စကားပြောတွေ ရိုင်းလာတယ်။

၂။ ကျောင်းမှာ စာညံလာတယ်။ ဗွီဒီယိုဂိမ်းများမှာ တော်တဲကလေးများ ကျောင်းစာ တွင် အလွန်ညံလာကြသူများ ဖြစ်လာတယ်။

၃။ တချိန်လုံး ဗွီဒီယို ဂိမ်းကစားနေတဲ့အတွက် ကျမ္မာရေး ထိခိုက်လာတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန် တပ်လာရမယ်။ ကလေးခြင်း ပေါင်းသင်း ဆက်ဆံရေး၊ လူကြီးတွေနဲ့ ပေါင်းသင်း ဆက်ဆံရေး မလုပ်တဲအတွက် သင်ယူမှု ( Learning Process) ကင်းမဲ့ပြီး လူရာမ၀င်တဲ့သူ။ အရွယ်ရောက်တဲ့အခါမှာ ရီးစား မရသူဖြစ်လာမယ်။ အရှုံးသမား ( Loser) လို ခံစား လာတတ်တယ်။ မိဘတွေအပေါ် အဆိုးမြင်ဝါဒီ
ဖြစ်လာမယ်။

၎။ အိမ်မှု ကိစ္စများကို တာဝန်( Social Responsible) ကို မယူခြင်တဲ့ သူလေး ဖြစ်လာတယ်။ တကိုယ်ကောင်း သမားလေး ဖြစ်လာနိင်တယ်။
၅။ ကလေးတွေကို ကွန်ပြူတာဂိန်း မှာဝေးဝေးထားပါ။ ကလေးခြင်း ဆော့ခိုင်းပါ။ စာဖတ်ခိုင်းပါ။ မိသားစု အလုပ်တွေကို ကူညီခိုင်း ပါ လို့ အမေရိကန် ကလေးသူငယ်များ ဖွင့်ဖြိုးရေး ပညာရေး သုတေသီတွေက အကြံပြု ထားကြပါတယ်။

အမေရိကန်ရောက် မြန်မာမိသားစု ကလေးအတောများများ ဗွီဒီယိုဂိမ်းများကို စွဲနေကြတာကိုတွေ့ ရပါတယ်။ ကလေးငြိမ်ရင် ပြီးရော ဆိုပြီး မိဘတွေကလည်း ကျေနပ်နေတာကို တွေ့ ရတယ်။

ဗွီဒီယိုဂိမ်းထဲမှာ ကလေးတွေကို ပညာပေးတဲ့ ဂိန်တွေလဲရှိပါတယ်။ ဒါပေမဲ့အ လွန်နည်းတယ်။မိဘများအနေနဲ့  ဂိမ်းအမျိုးစားများကို ရွေးခြယ်ကန့် သတ်ပါ။ တနေ့ ကို တနာရီထက်ပို မကစားသင့်ကြောင့် သုတေသီများ သတိပေးလာနေကြပါတယ်။

 
Copy from - komoethee.blog

0 comments: