(ဓာတ်ပုံ - လောအယ်စိုး)
မြန်မာနိုင်ငံမှာ မြန်နှုန်းမြင့်အင်တာနက် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ရေး အဆင်မပြေသေးပေမယ့် အင်မတန် မြန်နှုန်းမြင့်နေတဲ့ ကဏ္ဍတခု ရှိပါတယ်။ အဲဒါကတော့ သစ်ထုတ်လုပ်ရေးပါပဲ။
မြန်မာပြည်က သစ်တောတွေ "မြန်နှုန်းမြင့် ပျက်စီးပြုန်းတီးနေ" တယ်လို့ ဒီကနေ့ ကြေးမုံသတင်းစာ ဆောင်းပါး တပုဒ်မှာ ရေးထားပါတယ်။
ရန်ကုန်-မန္တလေး မိုင်လေးရာခန့် အကွာအဝေးမှာ နားခိုစရာအရိပ် မရှိ၊ သစ်တော ပြောင်တလင်းခါ နေတယ်လို့ ဆောင်းပါးကို အစချီ ရေးထားပါတယ်။
၂ဝ၁၁ မှာ နိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှု ၄၉ % ရှိခဲ့တယ်၊ တနှစ်အကြာမှာ ၉ % ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
"၂ဝ၁၅ ခုနှစ်တွင် သစ်တော သစ်ပင် လုံးဝ မခုတ်ရ ဆိုမည့် ဥပဒေမှာ ခုတ်စရာမရှိတော့၍ အလိုအလျောက် တည်မည့်သဘောရှိနေပါသည်" လို့ ဆောင်းပါးမှာ သုံးသပ်ထားပါတယ်။
ဆက်စပ်
သစ်အရောင်းအဝယ် နိုင်ငံအကျိုးဖြစ်စေချင်
သတင်းရင်းမြစ် - ဧရာဝတီ
0 comments:
Post a Comment